Microsoftက ၀င်းဒိုးမှာ Start Menu ပြန်လည် ထည့်သွင်းပေးမယ်ဆိုတာ ကျွန်တော်တို့ သိနေပါတယ်။ ဘယ်အချိန်လဲဆိုတာသာ မသိတာပါ။ ဒါပေမယ့် ပေါက်ကြားထွက်ပေါ်လာတဲ့ အနာဂတ် ၀င်းဒိုးရဲ့ ဓါတ်ပုံများက သဲလွန်စတစ်ခုဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အင်တာနက် ဖိုရမ်တစ်ခုမှာ Start Menuအသစ်ကို ပြသထားတဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ Start Menuဟာ Microsoftက ဧပြီလမှာ ပြုလုပ်တဲ့ Build Developer Conferenceမှာ ပြသခဲ့တဲ့ Start Menuနဲ့ ဆင်တူပေမယ့် တစ်ထပ်တည်းတော့ မဟုတ်ပါဘူး။
အရွယ်အစားနဲ့ ဖွဲ့စည်းတည်ဆောက်ပုံက တူညီပေမယ့် Tilesတွေက ကွဲပြားနေပါတယ်။ အဲဒီအတွက် ထွက်ပေါ်လာတဲ့ ဓါတ်ပုံဟာ အစောပိုင်း၀င်းဒိုး ဗားရှင်းအတွက် ဖြစ်နိုင်ပါတယ်။
နောက်ထပ် ဓါတ်ပုံတစ်ခုက Desktopပေါ်မှာ Modern or Metro Settings Menuကို ပြသထားတာပါ။ Microsoftက Updateမှာ Modern Appsများဟာ ကိုယ်ပိုင်၀င်းဒိုးအတွင်းမှာ Runနိုင်မယ်လို့ ပြောထားတဲ့အတွက် အခု Settings ဓါတ်ပုံကြောင့် အသုံးပြုသူများဟာ Modern Appsများကို Minimizeလုပ်နိုင်မှာပါ။ Modern UIကို မကြိုက်တဲ့အတွက် Windows 8/8.1ကို အဆင့်မမြှင့်ချင်သူများအတွက်တော့ စိတ်ကျေနပ်စရာပါ။
မေးခွန်းထုတ်စရာက ဒီဓါတ်ပုံတွေဟာ Windows 8.1 Updateကလား ဒါမှမဟုတ် နောက်မျိုးဆက် Windows 9ကလား ဆိုတာပါ။ ဖိုရမ်က ဆွေးနွေးတာတွေကို သုံးသပ်ရရင်တော့ ဓါတ်ပုံတွေဟာ Thresholdလို့ ခေါ်ကြတဲ့ Windows 9ရဲ့ ဓါတ်ပုံတွေ ဖြစ်နိုင်ပါတယ်။ Windows 9ကို ၂၀၁၅ ခုနှစ်ဆောင်းတွင်း မတိုင်မီအထိ အသုံးပြုနိုင်မှာ မဟုတ်သေးပါဘူး။
ဓါတ်ပုံများမှာ Windows 8.1 Proဆိုတဲ့ စာသားပါပေမယ့်လည်း နောက်မျိုးဆက် ၀င်းဒိုးမှာ အရင်၀င်းဒိုးရဲ့ ဗားရှင်းပါရှိတတ်တာက ထုံးစံလိုပါပဲ။ ဓါတ်ပုံများ ထွက်ရှိလာတဲ့ ဖိုရမ်က ဒါဟာ Windows 9ရဲ့ Build 6.4.9788 ဖြစ်ပါတယ်လို့ ပြောပါတယ်။
Start Menuအသစ်နဲ့ Modern UIကို Desktopမှာ အသုံးပြုလာနိုင်တာကြောင့် Windows 9ဟာ Start Screen, Live Tilesနဲ့ Full-Screen Appsများကို အဓိကပြုလုပ်ပေးထားတဲ့ Windows 8ရဲ့ လူမကြိုက်တဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ပေးထားတာပါ။ ထိတွေ့အသုံးပြုမှုကို ဦးစားပေးထားတဲ့ Windows 8/8.1ဟာ Microsoftက တက်ဘလက်ဈေးကွက်ကို ဦးတည်လာတယ်ဆိုတာကို ပြသနေပါတယ်။ ဒါပေမယ့် သာမာန် ကွန်ပြူတာ အသုံးပြုသူများကတော့ အဲဒီပြောင်းလဲမှုကို မကြိုက်ကြပါဘူး။ အဲဒီအတွက် Microsoftက လက်တော့လို့ Mouse, Keyboardတို့နဲ့ အသုံးပြုရတဲ့ Desktopပုံစံကို ပြန်လည် အာရုံထားလာတာပါ။
ထွက်ပေါ်လာတဲ့ ဓါတ်ပုံများဟာ တရား၀င်မဟုတ်ပေမယ့် Windows 9မှာ အဲဒီပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ အခုအချိန်မှာတော့ Modern Designဟာ Windowsမှာ အဓိကပါ၀င်နေပါတယ်။ ဒါပေမယ့် Thresholdဟာ Modern ဒီဇိုင်းကို မကြိုက်လို့ အဆင့်မမြှင့်ချင်သူများကို အနည်းဆုံးလျှော့ချပေးပါလိမ့်မယ်။
Microsoftက Windows 8ကို ဖြန့်ချီစဉ်က မျှော်လင့်မထားတဲ့ အရာကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအမှားကို ပြင်ဆင်ပြီး နောက်မျိုးဆက် ၀င်းဒိုးကို အောင်မြင်အောင် လုပ်နိုင်မှာပါ။