News

MECTel CDMA 800 MHz ဖုန်းအသုံးပြုသူများ မိုဘိုင်းဖုန်းမှတစ်ဆင့် ကိုယ်တိုင်အင်တာနက်လျှောက်ထားနိုင်ပြီ

MECTel CDMA 800 MHz ဖုန်းအသုံးပြုသူများ မိုဘိုင်းဖုန်းမှတစ်ဆင့် ကိုယ်တိုင်အင်တာနက်လျှောက်ထားနိုင်ပြီ

တပ်မတော်ပိုင် MECTel အမှတ်တံဆိပ် ၁၅၀၀ ကျပ်တန် ဆင်းကတ်အသုံးပြုနေသူများအနေဖြင့် မိမိအသုံးပြုနေသည့် မိုဘိုင်း ဖုန်းမှတစ်ဆင့် အင်တာနက်စနစ် တပ်ဆင်အသုံးပြုခွင့်အတွက် ကိုယ်တိုင်လျှောက်ထားနိုင်ပြီ ဖြစ်သည်။ ယနေ့မှစတင်လိုက်သော MECTel ဆင်းမ်ကတ်များတွင် အင်တာနက်အသုံးပြုခွင့် ကိုယ်တိုင်လျှောက်ထားနိုင်သည့် စနစ်တွင် ဖုန်းအသုံးပြုသူသည် စာတိုတစ်စောင်ကို သတ်မှတ်ထားသည့် နံပါတ်သို့ ပေးပို့ရမည်ဖြစ်သည်။

Open EVDO ဟူသော အင်္ဂလိပ်စာလုံးများအတိုင်း (Openနှင့် EVDO အကြားတွင် space bar) တစ်ချက်ခြားပြီး SMS နံပါတ် 233 သို့ ပေးပို့ရမည်ဖြစ်ပြီး ယင်းနောက်တွင် အဆိုပါဖုန်းများ၌ အင်တာနက် အသုံးပြုနိုင်ပြီဖြစ်သည်။ ထိုသို့ ပေးပို့မည်ဆိုပါက ဖုန်းအတွင်း လက်ကျန်ငွေ အနည်းဆုံး တစ်သောင်းကျပ် ရှိရမည်ဖြစ်ကြောင်းသိရသည်။ MECTel ဆင်းမ်ကတ်များဖြင့် အင်တာနက်အသုံးပြုလိုသူများသည် အသေးစိတ်အချက် အလက်များကို 1212 နှင့် ရတနာပုံတယ်လီဖုန်းစင်တာ နံပါတ် 1876 ရှိ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသို့ မေးမြန်းနိုင်သည်။

အင်တာနက် လျှောက်ထားလိုက်တာနဲ့ Settingsများကို အလိုအလျှောက်ချိန်ပေးမှာဖြစ်ပေမယ့် ကိုယ်တိုင် ချိန်ချင်သူများအတွက် နည်းလမ်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

1. Name :MEC
2. APN :#777
3. Proxy :Not set
4. Port :Not set
5. User Name :card (or) wap
6. Password :card (or) wap
7. Server :Not set
8. MMSC :Not set
9. MMS Proxy :Not set
10. MCC :460
11. MMC :03
12. Authentication type :PAP or CHAP
13. APN type :Not set
14. APN protocol :IPv4/IPv6

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *