Automobile, Review

Teslaက လျှပ်စစ်ကားနည်းပညာကို မျှဝေခြင်းဖြင့် လောင်စာဆီသုံး မော်တော်ကားများကို နိဂုံးချုပ်မည်

Teslaက လျှပ်စစ်ကားနည်းပညာကို မျှဝေခြင်းဖြင့် လောင်စာဆီသုံး မော်တော်ကားများကို နိဂုံးချုပ်မည်

Teslaက သူ့ရဲ့ လျှပ်စစ်ကားနည်းပညာကို ပြိုင်ဖက်များအပါအ၀င် ကားထုတ်လုပ်သူများနဲ့ မျှဝေခြင်းဖြင့် လျှပ်စစ်ကားနည်းပညာကို လျှင်မြန်စွာတိုးတက်အောင် ပြုလုပ်တော့မယ်လို့ ကြေညာပါတယ်။ Tesla CEO ဖြစ်သူ Elon Muskက သူတို့နည်းပညာကို အသုံးပြုသူများကို တရားစွဲဆိုမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းရင်းတစ်ခုက လျှပ်စစ်ကားများကို အသုံးပြုရတာဟာ ကန့်သတ်ချက်များရှိနေသေးလို့ပါပဲ။ လျှပ်စစ်ကားများရဲ့ ရောင်းအားဟာ အဓိကကားထုတ်လုပ်သူများရဲ့ ရောင်းအားရဲ့ တစ်ရာခိုင်နှုန်းအောက်သာရှိနေပါတယ်။ Muskက လက်ရှိ Patent စနစ်ဟာ လျှပ်စစ်ကားတီထွင်မှုကို ချောမွေ့စေမှာဖြစ်ပြီး အကြီးစား ကော်ပိုရေးရှင်းများကို ထောက်ပံ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“Tesla မော်တော်ကားများဟာ စွမ်းအင်ချွေတာဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါ။ အလွန်စွဲမက်ဖွယ်ကောင်းတဲ့ လျှပ်စစ်ကားများကို တီထွင်နိုင်ပေမယ့် မူပိုင်ခွင့်တွေနဲ့ ကန့်သတ်ထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို ကိုယ်တိုင် နှောင့်ယှက်နေတာဖြစ်ပါတယ်။”လို့ Muskက ပြောပါတယ်။

Muskက ကားထုတ်လုပ်သူများဟာ လျှပ်စစ်ကားများကို ထုတ်လုပ်ခြင်းမရှိဘဲ လောင်စာဆီသုံး ကားများကိုသာ သန်းနဲ့ချီ ထုတ်လုပ်ရောင်းချနေပါတယ်လို့ ပြောပါတယ်။ Teslaရဲ့ လက်ရှိ Patentနည်းပညာနဲ့ အနာဂတ် နည်းပညာများကို မျှဝေခြင်းဖြင့် လျှပ်စစ်ကားနည်းပညာဟာ လျှင်မြန်စွာ တိုးတက်လာမှာဖြစ်သလို ရောင်းအားလည်း ကောင်းလာမှာဖြစ်ပါတယ်။

Teslaကို စတင်တည်ထောင်စဉ်က ကျွန်တော်တို့နည်းပညာများကို အခြား ကားကုမ္ပဏီများက ကော်ပီကူး အသုံးပြုမှာကို စိုးရိမ်ခဲ့ရပါတယ်။ အခုတော့ အဲဒီအမှားကို ရပ်တန့်တော့မှာဖြစ်ပါတယ်လို့ Muskက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *