Automobile, News

မကြာမီလာတော့မယ့် မိုးရာသီအတွက် သင့်ကားကို ဘယ်လိုပြင်ဆင်ထားရမလဲ။

မကြာမီလာတော့မယ့် မိုးရာသီအတွက် သင့်ကားကိုဘယ်လိုပြင်ဆင်ထားရမလဲ

ပူပြင်းလွန်းလှသော နွေရာသီကိုကျော်လွန်၍ တဖွဲဖွဲနှင့် ရွာသွန်းတော့မယ့် မိုးရာသီကတော့ မကြာမီ မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ၎င်းမိုးနှင့်အတူ သင့်ကားအတွက် အနှောင့်အယှက်များပါ ယူဆောင်လာနိုင်ပါတယ်။ ဒါတွေကတော့ ကားအတွင်းရေငွေ့ရိုက်ခြင်း၊ စိုစွတ်ခြင်းနှင့် လမ်းရေကြီးခြင်း စသည်တို့က သင့်ကားအတွင်းပိုင်းနှင့် အပြင်ပိုင်းအတွက် အဓိကအန္တရာယ်များဖြစ်ပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့ ကျွန်တော်တို့ Motors.com.mmမှ သင့်ကားအတွက် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး အကြံပြုချက်များပေး၍ ပျော်ရွှင်စရာကောင်းသော မိုးရာသီကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

မိုးရာသီ မစတင်မီ သင့်ကားအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သင့်ကားတစ်ခုလုံးအား Wax များ သုတ်လိမ်းထားသင့်ပါတယ်။ ၎င်းက သင့်ကား bodyရှိ ဆေးသားအား ရေသက်ရောက်မှုနှင့် စင်းရာ ခြစ်ရာများ လျော့နည်းစေသလို သံချေးတက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။အကယ်၍ သင့်ကားကို အပြင်တစ်နေရာတွင် ကြာရှည်စွာရပ်ထားပါက ရေစိမ့်ဝင်မှုနည်းပါးသော ကားCoverများ အသုံးပြု၍ ဖုံးအုပ်ထားသင့်ပါတယ်။၎င်းက သင့်ကားအတွင်းသို့ စိုစွတ်သောရေနှင့် လေများမဝင်နိုင်အောင်တားဆီးပေးပြီး ကားအားအမြဲ ခြောက်သွေ့နေစေပါတယ်။ မိုးရာသီအတွင်း သင့်ကားထဲ၌ မရှိမဖြစ် ယူဆောင်ထားသင့်သည့် ပစ္စည်းများကတော့…

မိုးရာသီအတွင်းမှာ သင့်ကားထဲမှာ အရှိသင့်ဆုံး အရာတစ်ခုကတော့ ထီးပါပဲ၊ စိုစွတ်နေသော အဝတ်စားများက သင့်ကားအတွင်းရှိ ထိုင်ခုံနှင့် ကြမ်းခင်းများပေါ်တွင် ရေငွေ့ များကျန်ရစ်စေပြီး အချိန်ကြာသည်နှင့်အမျ အနံဆိုးများ ရရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ကားအတွင်းမှ အပြင်သို့ထွက်တိုင်း ထီးတစ်လက် ဆောင်ထားသင့်ပါတယ်။ ဒါ့အပြင် စိုစွတ်သောထီးအား ကားအတွင်းတွင်သိမ်းဖို့ ပလပ်စတစ်အိတ်တစ်လုံး ရှိသင့်ပါတယ်။ ဒါ့အပြင် ညစ်ပတ်ပေရေသော ကားလေကာမှန်များက မိုးရာသီမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ လေကာမှန်မှ အညစ်ကြေးများအား Wiper ဖြင့် အသုံးမပြုမီ သန့်စင်သောရေ၊ အဝတ်တစ်စနှင့် စင်ကြယ်အောင် ဦးစွာပြုလုပ်ပါ။ ပြီးမှ Wiperအား အသုံးပြု၍ မှန်အားကြည်လင်သန့် ရှင်းအောင် ပြူလုပ်သင့်ပါတယ်။ အခြားသော ပစ္စည်းများအနေဖြင့် ထိခိုက်ဒဏ်ရာများအတွက် ရှေးဦးသူနာပြုဆေးသေတ္တာ ယူဆောင်ထားသင့်ပါတယ်။ အကယ်၍သင်ဟာ ရှည်လွန်းသော traffic jam တွင် စောင့်ဆိုင်းနေရပါက ဖုန်းဘက်ထရီ အားကုန်မသွားအောင် Battery Charger တစ်ခု ဆောင်ထားသင့်ပါတယ်။ သင်ညပိုင်း ခရီးသွားရာတွင်လည်း လမ်းခရီး၌ ကားပျက်သည်ဖြစ်စေ၊ ကားတာယာလဲသည်ဖြစ်စေ၊ လက်နှိပ်ဓာတ်မီးက သင့်အတွက် အကူညီပေးပါလိမ့်မယ်။မိုးရာသီတစ်ခုလုံး သင်နှင့် သင့်ခရီးသွားများအား စိတ်ချယုံကြည်စွာ သွားလာနိုင်ရန်အတွက် အောက်ပါအချက်များ လိုက်နာသင့်ပါတယ်။

မှန်ကန်သော တာယာများအား ရွေးချယ်အသုံးပြုပါ။ ခြောက်သွေ့သော ရာသီအတွက် ထုတ်လုပ်ထားသော တာယာများအစား မိုးရာသီနှင့် လိုက်ဖက်၍ ဆွဲအားပိုကောင်းသော တာယာများအား ရွေးချယ်ဝယ်ယူသင့်ပါတယ်၊။ ယင်းတာယာများက သင့်အား မိုးရာသီအတွင်း မောင်းနှင်ရာ၌ ကောင်းစွာ ထိန်းချုပ်နိုင်မည့်အပြင် ကားအား လမ်းချော်ခြင်း၊ လမ်းလျှောခြင်းများအား ရှောင်ကြဉ်နိုင်ရန်အတွက်လည်း အထူးသင့်တော်ပါတယ်။ (သင့်ကားတာယာများအား ပုံမှန်အမြဲ စစ်ဆေးသင့်ပါတယ်။)

ကားဘရိတ်အား စစ်ဆေးပါ။ ဘရိတ်ကတော့ ငြင်းချက်မရှိ မည်သည့်ရာသီ၊ မည်သည့်ကားမဆို၊ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ဘရိတ်အား စစ်ဆေးခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းက မိုးရာသီအတွက် အဓိကကျသော ပြင်ဆင်မှုတစ်ခုပဲဖြစ်ပါတယ်။ ကားရှေ့မီးအား ထိန်းသိမ်းပါ။ ကားရှေ့မီးအား ကောင်းမွန်စွာထိန်းသိမ်းခြင်းက မတော်တဆ ယာဉ်တိုက်မှုများအား ရှောင်ရှားနိုင်သလို အထူးသဖြင့် မိုးရာသီအတွင်း ကားမောင်းသူအား ပို၍ဝေးသောနေရာသို့ လွယ်ကူစွာ ထင်သာမြင်သာ ရှိစေပါတယ်။၎င်းရှေ့မီးများက ကားမောင်းသူရှေ့ရှိ အရာများအား ထင်သာမြင်သာရှိသလို အခြားကားမောင်းသူများအား သင်မည်သည့်နေရာတွင် ရှိသည်ကို အကောင်းမွန်ဆုံး ညွန်ပြပေးနိုင်ပါတယ်။

အကယ်၍ သင့်အနေနဲ့ မိုးရာသီနှင့် အလိုက်ဖက်ဆုံး ကားတစ်စီးအား ရှာဖွေနေတယ်ဆိုရင်တော့ Motors.com.mmက သင့်အတွက် အပြည့်အဝ ကူညီပေးပါလိမ့်မည်။

About Motors.com.mm

မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ကားရောင်းဝယ်ဈေးကွက် Motors.com.mm ဟာ မြန်မာနိုင်ငံရဲ့ အွန်လိုင်းကား ဈေးကွက်မှာ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံးwebsite ဖြစ်သည့်အားလျော်စွာ နာမည်ကျော်ကားများကို တစ်နေရာတည်းမှာ အမျိုးအစားစုံလင်စွာနဲ့ ရွေးချယ်ဝယ်ယူနိုင်အောင် လုပ်ဆောင်ပေးတဲ့ ဝက်ဘ်ဆိုဒ် ဖြစ်ပါတယ်။ ကားအသစ်များကို သော်လည်းကောင်း၊ တစ်ပတ်ရစ်ကားများ ကိုသော်လည်းကောင်း၊ ကားအမျိုးအစားအားလုံး ရရှိနိုင်သည့်အပြင် ဆိုင်ကယ်နှင့် လုပ်ငန်းသုံးယာဉ်များစသည့် မည့်သည့် ယာဉ်အမျိုးအစားကိုမဆို Motors.com.mm ရဲ့ ထောင်ပေါင်းများစွာသော Listing များထဲမှ သင့်စိတ်ကြိုက် သင့်တင့်သော ဈေးနှုန်းဖြင့် လွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်ပါတယ်။ သင်ရှာဖွေတွေ့ရှိသော ကား၏ပူးတွဲပါ အသေးစိတ်အချက်အလက်များသည်လည်း အထောက်အကူ ဖြစ်ပါတယ်။ သင်ကားဝယ်ယူရန်အတွက်လည်း ကားမူရင်းပိုင်ရှင်၊ အရောင်းဝယ်လုပ်ငန်းပိုင်ရှင် သို့မဟုတ် ပြည်တွင်းသို့ ကားတင်သွင်းသော လုပ်ငန်းရှင်တို့ထံ တိုက်ရိုက်ဆက်သွယ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ရောင်းချသူများအနေဖြင့်လည်း သန်းပေါင်းများစွာသော ဝယ်ယူသူများဆီ အချက်လက်များ ရောက်ရှိနိုင်သည့်အပြင် ရောင်းချသူများကိုယ်တိုင် ကားစာရင်းကို လွယ်ကူလျင်မြန်စွာ တင်နိုင်ပြီး လုပ်ငန်းဆိုင်ရာ အချက်လက်များ ဖော်ပြရန်အတွက် ကိုယ်ပိုင် Profile Page or Company Page တစ်ခုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ Motors.com.mm က ကားရောင်းချင်သူ ဝယ်လိုသူများအတွက်၁၀ဝ% ကူညီပေးနိုင်မည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းဝယ် အွန်လိုင်းWebsite တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *