iOS အတွက် Messenger အသစ်ကို Facebook က ပြုလုပ်ပေးလိုက်ပါတယ်။ Messenger အသစ်မှာ Group Chat အသုံးပြုလို့ရလာပါတယ်။ Desktop မှာလို Group နာမည် ကို နှစ်သက်ရာပေးလို့ရပြီး Group ဓာတ်ပုံတွေ သတ်မှတ်နိုင်ပါတယ်။ Chat တွေကို Conversation တစ်ခုထဲမှာ ပြသပေးမှာ ဖြစ်ပါတယ်။ Group တွေကို Pin လုပ်လို့ရပြီး အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံး ဗားရှင်းမှာ Message နဲ့ ဓာတ်ပုံ တွေကို Group Chat မှာ မပါတဲ့ အခြားသူဆီ Forward လုပ်လို့ ရတဲ့ စွမ်းဆောင်ချက်ပါရှိလာပါတယ်။ ဗားရှင်းအသစ် ကို ပိုမိုမြန်ဆန်အောင် နဲ့ တည်ငြိမ်အောင် ပြုလုပ်ပေးထားပါတယ်။
Version 4.0 ဖြစ်ပြီး ဖိုင်အရွယ်အစားက (35.5) MB ဖြစ်ပါတယ်။ iOS 6 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ iPhone, iPad, iPod Touch အားလုံးမှာ အသုံးပြုနိုင်ပြီး အောက်က လင့် မှာ အခမဲ့ ရယူနိုင်ပါတယ်။