Toyota ကုမ္ပဏီက ဆန်းသစ်လှပတဲ့ဒီဇိုင်းပုံစံနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ i-Road လျှပ်စစ် ဓာတ်အားသုံးကားအမျိုးအစားကို Geneva Auto Show ကားပြပွဲမှာ ပွဲဦးထွက်မိတ်ဆက်ပြသခဲ့ပါတယ်။ i-Road လျှပ်စစ်ဓာတ်အားသုံးကားကို ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လမ်းမတွေပါ်မှာ Consumer များအတွက် စမ်းသပ်မောင်းနှင်ပြသနိုင်ခဲ့ပါတယ်။ အဆိုပါကားဟာ သုံးဘီးတပ်ကားပုံစံထုတ်လုပ်ထားသဖြင့် ယာဉ်မောင်း တစ်ဦးတည်းသာ မောင်းနှင်စီးနှင်းနိုင်ခွင့်ရှိပြီး မြို့ပြလူနေမှုပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိအောင် တီထွင်ဖန်တီးပေးထားတာ တွေ့ရပါတယ်။
i-Road ရဲ့ကားဒီဇိုင်းပုံစံဟာ မော်တော်ဆိုင်ကယ်နှင့် ပုံသဏ္ထာန်ဆင်တူတယ်လို့တောင်ထင်ရပါတယ်။ i-Road ရဲ့ အရွယ်အစား သေးငယ်တဲ့ ကားကိုယ်ထည်ပိုင်းက အလေးချိန် ၆၆၁ ပေါင်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားသုံး မော်တာနှစ်လုံး တပ်ဆင်ပေးထားတဲ့ အတွက် ကားအမြန်နှုန်းကို 37 mph အထိမောင်းနှင်နိုင် မှာပါ။ Toyota ကတော့ i-Road ကို လျှပ်စစ်ဓာတ်အားအပြည့် သွင်းထားလို့ရှိရင် ခရီးမိုင်ပေါင်း ၃၁ မိုင်ခန့် မောင်းနှင်နိုင်တယ်လို့ ပြောကြားထားပါတယ်။ Toyota i-Road ကို အဖြူရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ အဝါရောင် နဲ့ အပြာရောင် စတဲ့ အရောင်ငါးမျိုးဖြင့် ထုတ်လုပ်ထားတာတွေ့ရပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ လမ်းမတွေပေါ်မှာ i-Road လျှပ်စစ်ဓာတ်အားသုံးကားကို စမ်းသပ်မောင်းနှင်ပြသခဲ့တဲ့ ဗီဒီယိုကိုအောက်ကလင့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။