Xiaomi က သူ့ရဲ့ ပထမဆုံး Phablet ဖြစ်တဲ့ Redmi Note ကို မကြာမီက ထုတ်ဖော်ကြေညာခဲ့ပြီး အခုအခါမှာ တော့ ဒေါ်လာ ၁၂၉ နဲ့ ဈေးသက်သာစွာရောင်းချပေးမယ်လို့ ပြောပါတယ်။ တရုတ် ပြင်ပမှာ ရောင်းချမှာ ဖြစ်ပြီး အစပိုင်းမှာ ထိုင်၀မ်၊ဟောင်ကောင် ၊ စင်ကာပူ တို့မှာ မေလ မှာ ရောင်းချပေးမှာဖြစ်ပါတယ်။ တရုတ်ပြည်မှာ တော့ မတ်လ (၂၆) ရက်နေ့မှာ အစောဆုံး ရောင်းချပေးမှာ ဖြစ်ပါတယ်။
အဆိုပါသတင်း ကို Xiaomi မှ Hugo Barra ရဲ့ Google Plus Post မှာ ကြေညာထားတာဖြစ်ပြီး 1.4GHz/1GB Version ကို ဒေါ်လာ ၁၂၉ ၊ ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ 1.7GHz/2GB Version ကို ဒေါ်လာ ၁၅၉ ဖြင့် ရောင်းချပေးမယ်လို့ ရေးသားထားပါတယ်။
အရင်က Google ရဲ့ အရာရှိတစ်ယောက်ဖြစ်တဲ့ Barra က Phablet မှာ 720 IPS Display , 13 Megapixel Rear Camera, 5 Megapixel Front Camera, 3200mAh Battery , Dual-SIM တို့ပါရှိမှာဖြစ်ပြီး Octa-Core MTK6592 Chipset ကို မောင်းနှင်လည်ပတ်မယ်လို့ အတည်ပြုပါတယ်။
စိတ်၀င်စားစရာကောင်းတာက Barra က Phablet ကို မေလနောက်ပိုင်းမှာ Xiaomi က ဈေးကွက်တိုးချဲ့တဲ့ နိုင်ငံများ မှာလည်း ရောင်းချပေးမယ်လို့ပြောပါတယ်။ Xiaomi က အခုလောလောဆယ်မှာ အရှေ့တောင်အာရှ နဲ့ အိန္ဒိယ နိုင်ငံများ မှာ ဈေးကွက် တိုးချဲ့ နေပါတယ်။