Program Blocker ဟာ Windows 7 , 8 မှာ အခြားသူတွေ အသုံးမပြုစေချင်တဲ့ App တွေကို ဖွင့်လို့မရအောင် ပိတ်ထားပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားသူတွေ မိမိခွင့်ပြုချက်မရဘဲ Program တွေ အင်စတော လုပ်ခြင်း ကိုလည်းပိတ်ထားပေးနိုင်ပါတယ်။
Program Blocker ဟာ The Windows Club ရဲ့ Portable Freeware တစ်ခုဖြစ်ပါတယ်။ အခြားသူတွေ အသုံးမပြုစေချင်တဲ့ Program တွေကို Password နဲ့ ပိတ်ထားနိုင်ပါတယ်။ Program Blocker ရဲ့ User Interface ဟာ Microsoft ရဲ့ Metro UI ကို အခြေခံ ပြုလုပ်ထားပါတယ်။ အရောင် နဲ့ ခလုတ် တွေက Windows 8 App တွေနဲ့ ဆင်တူပါတယ်။
Password Protection
Program Blocker ကိုယ်တိုင် ကို Password နဲ့ ပိတ်ထားနိုင်တဲ့အတွက် သင်ကလွဲပြီး အခြားသူများ က Program Blocker ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Master Password တစ်ခု ပြုလုပ်ရမှာဖြစ်ပြီး Password မေ့သွားရင် Recover လုပ်နိုင်ဖို့ အီးမေး ပေးထားနိုင်ပါတယ်။
Block Applications
App တွေကို ပိတ်ခြင်းဟာ Program Blocker ရဲ့ အခြေခံ အလုပ်တစ်ခုဖြစ်ပါတယ်။ Windows Apps အားလုံး နီးပါး ကို ပိတ်ထားနိုင်ပါတယ်။ အသုံးပြုမှုများတဲ့ App ၃၅ ခုကို အလွယ်တကူ ပိတ်နိုင်အောင် Common Applications မှာ စာရင်းပြုစုပေးထားပါတယ်။ အခြား App တွေကို ပိတ်ဖို့အတွက် Add New ကို နှိပ်ပြီး exe ဖိုင် ကို ရွေးပေးရပါမယ်။ ပြီးရင် Blocked Applications ထဲ ထည့်ပေးရပါမယ်။ Program Blocker က Windows Task Manager , Registry Editor နဲ့ အချို့ System App တွေကို အလိုအလျှောက် ပိတ်ထားပေးပါတယ်။ System Apps တွေကို မပိတ်ဖို့ Settings ထဲမှာ ပြောင်းလဲနိုင်ပါတယ်။
Task Manager
Program Blocker က Task Manager ကို အလိုအလျှောက်ပိတ်ထားတဲ့ အကြောင်းအရင်း က Task Manager ကနေ Program Blocker ကို မပိတ်နိုင်အောင်ဖြစ်ပါတယ်။ Windows Task Manager အစား အသုံးပြုနိုင်ဖို့ Program Blocker မှာ Task Manager ထည့်သွင်းပေးထားပါတယ်။ Task Manager ကနေ Process တွေကို ပိတ်နိုင်ပါတယ်။ Ctrl+Shift+Esc ကို နှိပ်ပြီး Task Manager ကို အသုံးပြုနိုင်ပါတယ်။ Windows Task Manager ရဲ့ Shortcut Key ကိုပဲအသုံးပြုထားပါတယ်။
Hidden Mode
Program Blocker ရဲ့ Pop-Up Messages , Alerts တွေကို မပြပေးစေချင်ရင် Settings ထဲက Hidden Mode မှာ အမှန်ခြစ်ပေးထားနိုင်ပါတယ်။ အခြားသူတွေက သင် Program Blocker ကို အသုံးပြုထားမှန်း မသိအောင် ဖြစ်ပါတယ်။ Hidden Mode က Program Blocker ကို Taskbar, Notification Tray စတာတွေမှာ ဖွက်ထားပေးနိုင်ပါတယ်။ Hidden Mode ကို အသုံးပြုပေမယ့်လည်း Apps တွေကို ပိတ်တဲ့ သူ့အလုပ် ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပိတ်ထားတဲ့ App တစ်ခုကို ဖွင့်ရင်လည်း Message တွေပေါ်လာမှာ မဟုတ်ပါဘူး။ Hidden Mode ကို အသုံးပြုထားတဲ့ အခြေအနေမှာ Program Blocker ကို အသုံးပြုဖို့ တစ်ခုထဲသောနည်းလမ်း က Ctrl+T ကို နှိပ်ရမှာဖြစ်ပါတယ်။ Shortcut Key ကို Settings ထဲမှာ ပြုပြင်နိုင်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့ စွမ်းဆောင်ချက်တွေအပြင် အခြား စွမ်းဆောင်ချက်တွေလည်း ပါရှိပါသေးတယ်။ Program Blocker ကို အောက်က လင့် မှာ အခမဲ့ ရယူနိုင်ပါတယ်။