News

Xiaomi က Redmi Note ကို တရုတ်နိုင်ငံမှာ ရောင်းချ

Xiaomi က Redmi ရဲ့ မျိုးဆက်သစ်ကို တရားဝင် ကြေညာလိုက်ပါတယ်။ အဆိုပါ မျိုးဆက် မှာ Redmi Note လို့ အမည်ရပြီး တရုတ်နိုင်ငံမှာတော့ Hongmi 2 လို့ ခေါ်ပါတယ်။ Phablet အမျိုးအစား ဖြစ်ပြီးတော့ စွမ်းဆောင်ရည်မြင့် Octa-Core Processor ထည့်သွင်းထားပါတယ်။ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Redmi Note တွင် ၅.၅ လက်မအရွယ်(1280×720) IPS Display တပ်ဆင်ထားပါတယ်။ Octa-Core Media Tek MT6592 Processor တပ်ဆင်ထားပြီး 1.4 GHz အမျိုးအစား ဒါမှမဟုတ် 1.7 GHz အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 1.4 GHz တွင် 1GB RAM တပ်ဆင်ထားပြီး 1.7 GHz တွင် 2GB RAM တပ်ဆင်ထားပါတယ်။

အနောက်ဘက်တွင် 13 Megapixel ကင်မရာ တပ်ဆင်ထားပြီး LED Flash ပါရှိပါတယ်။ မျက်နှာချင်းဆိုင်တွင် 5 Megapixel တပ်ဆင်ထားပါတယ်။ Internal Memory 8GB ပါရှိပြီး microSD Card ကိုလည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။

အဆိုပါ Phablet ရဲ့ ဆက်သွယ်မှုအပိုင်းမှာတော့ WiFi 802.11 b/g/n, Bluetooth 4.0 နဲ့ GPS ပါရှိပြီး MIUI v5 ကို အခြေခံထားတဲ့ Android 4.2 Jelly Bean ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 3,200 mAh Battery တပ်ဆင်ထားပါတယ်။

Xiaomi Redmi Note 1.4 GHz အမျိုးအစား ကို တရုတ်ယွမ်ငွေ ၇၉၉ ဖြင့်ရောင်းချပေးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ရင်တော့ (၁၃၀)ကျသင့်မှာ ဖြစ်ပါတယ်။ 1.7 GHz အမျိုးအစား ကိုတော့ တရုတ် ယွမ်ငွေ ၉၉၉ ဖြင့် ရောင်းချပေးမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၆၀) ကျသင့်မှာ ဖြစ်ပါတယ်။ Xiaomi Redmi Note ကို အရောင်မျိုးစုံ ထုတ်လုပ်ပေးထားပြီး တရုတ်နိုင်ငံတွင် မတ်လ(၂၆)ရက်နေ့တွင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *