စင်ကာပူနိုင်ငံရှိ PSB Academy မှ ဇွန်လ ကျောင်းဖွင့်ချိန်တွင် Tourism, Hospitality ဘာသာရပ်တို့နှင့် ဆက်နွယ် ဘာသာရပ်များ အတွက် ပေးအပ်သွားမည့် ပညာသင်ဆုများ အကြောင်း၊ PSB Academy ၏ ဇွန်လ တွင်ဖွင့်မည့် Bachelor Degree တန်းများ၊ ဇူလိုင်လ တွင် ဖွင့်မည့် Diploma တန်းများ အကြောင်း တို့ကို ဧပြီလ (၁)ရက်နေ့တွင် မနက် (၁၀) နာရီမှ နေ့လည် (၁၁) နာရီ အထိ STUDY ABROAD Information Centre ရုံးခန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အထူး အစီအစဉ် တစ်ရပ် အနေနှင့်လည်း အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက် လိုအပ်သူ ကျောင်းသူ၊ ကျောင်းသားတို့ အတွက် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကိုလည်း ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
PSB Academy တွင် Partner Universities များ အဖြစ် Australia နိုင်ငံရှိ University of Newcastle , University of Wollongong တို့နှင့် ချိတ်ဆက်ထားပြီး UK ရှိ Edinburgh Napier University တို့နှင့် ချိတ်ဆက်ထားပါသည်။ ဇွန်လ ကျောင်းဖွင့်ချိန်၏ အထူး အစီအစဉ် အနေနှင့် ENU ၏ Bachelor of Tourism Program နှင့် Master of Science (International Business Management) တို့ကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားတို့ အတွက် စင်ကာပူ ဒေါ်လာ (၂,ဝ၀ဝ) ကိုပေးအပ်သွားမည် ဖြစ်ပါသည်။
Business ( စီးပွားရေးဘာသာရပ်ခွဲများ စုံလင်စွာ)၊ Communication (Public Relations and Journalism), Information Technology, Engineering (Electrical, Mechanical) ဘာသာရပ်တို့ မှ မိမိ စိတ်ပါ ဝင်စားသည့် ဘာသာရပ်တို့ကို ရွေးချယ် တက်ရောက်နိုုင်မည် ဖြစ်ပါသည်။ PSB Academy မှာ Partner Universities တို့၏ သမိုင်းကြောင်း ကောင်းမွန် မှုများကြောင့် စင်ကာပူနိုင်ငံ၏ Private ကျောင်းများတွင် နာမည် ကျော်ကြားလျက် ရှိပါသည်။ သွားလာရေး အတွက်လည်း Tiong Bahru MRT အနီးတွင် ရှိသည့် အတွက် ကျောင်းသူ၊ ကျောင်းသားတို့ အတွက် အထူး အဆင်ပြေ ချောမွေ့ စေနိုင်မည် ဖြစ်ပါသည်။
One to One ဆွေးနွေးပွဲသို့ တက်ရောက်လိုပါကလည်း STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို၊ တိုက် (အေ)၊ (၁၁ လွှာ)၊ အခန်းအမှတ် (၁၁၀၃)၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်း အနီး) ၊ ကမာရွတ်မြို့နယ်။ ဖုန်း – ဝ၉ ၅၁၅၁ ဝ၀၈၊ ဝ၉ ၇၃ ၂၄၂၄ ဝ၄ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပြီ ဖြစ်ပါသည်။