Education

“Global Education & Career Day 2014” ကို Trader Hotel ၌ကျင်းပပေးမည်

RVi Institute မှ The Global Education & Career Day ကို ၂၀၁၄ ခုနှစ်၊ မတ်လ (၂၂) ရက်၊ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ ရန်ကုန်မြို့ရှိ Traders Hotel ပင်းယခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကို မည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

The Global Education & Career Day တွင် နိုင်ငံရပ်ခြားသို့ ပညာသင်ဆုဖြင့် သွားရောက် ပညာသင်ယူလိုသူများ၊ နိုင်ငံတွင်း၌ပင် နိုင်ငံတကာပညာရေးကို လေ့လာသင်ယူလိုသူများ အတွက် နိုင်ငံခြား တက္ကသိုလ်ကြီးများမှ တာဝန်ရှိသူများက လာရောက်ဆွေးနွေးအကြံဉာဏ်ပေးခြင်း၊ ပညာသင်ဆု အတွက် အရည်အချင်းစစ်စာမေးပွဲများ၊ သင်္ချာဉာဏ်စမ်း ပြိုင်ပွဲများနှင့် ပြည်တွင်း ကုမ္ပဏီကြီးများတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်လမ်းများ၊ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် ဟောပြောပွဲများ အစရှိသော အစီအစဉ်များစွာ ပါဝင်မည်ဖြစ်သည်။

သင်္ချာဉာဏ်စမ်း ပြိုင်ပွဲကို နံနက် ၁၀း၃၀ တွင် တစ်ဦးချင်းယှဉ်ပြိုင်မှု နှင့် နေ ့လည် ၁နာရီ တွင် အဖွဲ ့လိုက် ယှဉ်ပြိုင်မှုတို့ကို ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့လိုက်ယှဉ်ပြိုင်မှုအတွက် အများဆုံး ၅ယောက် သတ်မှတ်ထားပါသည်။ သင်္ချာဉာဏ်စမ်း ပြိုင်ပွဲတွင် ဆုကြေးအနေဖြင့် တစ်ဦးချင်း ယှဉ်ပြိုင်မှုအတွက် ကျပ်တစ်သိန်း နှင့် အဖွဲ ့လိုက် ယှဉ်ပြိုင်မှုအတွက် ကျပ်သုံးသိန်း သတ်မှတ်ထားပြီး အသက် ၁၂နှစ်နှင့်အထက် ကျောင်းသားလူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ ပညာသင်ဆုအတွက် အရည်အချင်းစစ် စာမေးပွဲများ ကို နံနက် ၁၁နာရီ မှ နေ့ လည် ၁နာရီ အထိ တစ်ချိန် နှင့် နေ ့လည် ၁း၃၀ မှ နေ ့လည် ၃း၃၀ အထိ တစ်ချိန်၊ နှစ်ချိန်ခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအရည်အချင်းစစ် စာမေးပွွဲဲနှင့်ပြိုင်ပွဲများအတွက် မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်း ရမည် ဖြစ်ပါသည်။

လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် ဟောပြောပွဲများကို “How to impress during your job interview” နှင့် “How to build yourself a personal brand” စသည့် ခေါင်းစဉ်များဖြင့် နံနက် ၁၀း၃၀ နှင့် နေ ့လည် ၁း၃၀ တို ့တွင် အသီးသီး ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။

အလုပ်လျှောက်ထားလိုသူများ အနေဖြင့် ကိုယ်ရေးအကျဉ်းမှတ်တမ်း နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများ ကိုလည်း တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ပါသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားသော ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသား ကျောင်းသူများ၊ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူများ နှင့် လုပ်ငန်းခွင် အတွင်းတိုးတက်မှုကို အစဉ်မပြတ် ကြိုးစားလေ့လာနေသူများ လာရောက် လေ့လာသင့်သော ပွဲတစ်ခု ဖြစ်ပါသည်။

စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ဝ၁ ၂၃၀ ၅၉၉၈၊ ဝ၁ ၅၃၆ ၂၆၀၊ ဝ၉ ၈၅၀ ၃၀၇၃ တို့သို့လည်းကောင်း၊ RVi Group ၏ Facebook page တို့တွင် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *