သင်အခုမြင်တွေ့ရမယ့် အလုပ်ခွင်ပုံစံတွေဟာ ဝန်ထမ်းတွေအတွက် ဖန်တီးနိုင်တဲ့ စွမ်းရည်တွေကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတဲ့ အလုပ်ခွင်တွေပါပဲ။
ဒီကနေ့ ဒီဇိုင်းလောကကမ္ဘာမှာ ရုံးခန်းဖန်တီးမှုတွေဟာ အရေးကြီးလာတာနဲ့အမျှ အောင်မြင်မှုအတွက် အပေးအယူကိုလည်း ကြီးမားစွာသက်ရောက်စေပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဆန်းသစ်တဲ့အမြင်များဟာ ဝန်ထမ်းတွေရဲ့ အလုပ်အပေါ်တီထွင်ဖန်တီးမှုကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိစေပါတယ်။ အဲဒီ အံ့သြစရာ ဖွဲ့စည်းမှုများနဲ့ သင့်ကိုငြီးငွေ့မှုပျောက်ကင်းစေမယ့် အလုပ်ခွင် ၁၅ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁. Google Zurich

ရုံးအတွင်း အားကစားနည်းများထားရှိခြင်းဖြင့် ဝန်းထမ်းများ အပန်းပြေစေပါတယ်။

Google Zurich ရုံးခန်းမှာ နှင်းလျှောပျဉ်ပုံစံ ဖန်တီးမှုများလည်း ပါဝင်ပါတယ်။

လုပ်ငန်းခွင်ပြီးချိန်မှာ အေးချမ်းတဲ့ပတ်ဝန်းကျင်မျိုးက ဘယ်လိုဝန်းရံထားလည်းဆိုတာ ၏ပုံကိုကြည့်ရင်သိနိုင်ပါတယ်။

ဒီလိုမျိုး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူအပန်းပြေ သီချင်းဆိုနိုင်ပါတယ်။
၂. BICOM Communications

Montreal Designer Jeande Lessard ဟာ ခုလို စတိုင်ကျခေတ်မှီတဲ့ ဖန်တီးမှုနဲ့ BICOM ရုံးခန်းကို ဖွဲ့စည်းထားပါတယ်။

အလင်းရောင်များဖြင့် BICOM နာမည်စာလုံးကိုထင်ရှားစွာပုံဖော်ထားပါတယ်။

လုပ်ငန်းခွင် ဧရိယာမှာ အိမ်ပုံစံလေးတွေနဲ့ အခန်းငယ်တွေပြုလုပ်ထားပါတယ်။
၃. Mind Candy

Mind Candy ဟာ သူ့ရဲ့ရုံးခန်းကို သစ်အိမ်ပုံစံ ဖွဲ့စည်းထားပါတယ်။

ကြမ်းပြင်နဲ့ အထပ်လွှာတွေကြား စိတ်ကူးကောင်းတဲ့ လှေခါးများဖန်းတီးထားတယ်။

ရုံးဝန်ထမ်းများဟာ နံရံပေါ်မှာ ရေးခြစ်ပုံဖော်ဖို့ ခွင့်ပြုထားတယ်။
၄. Ubiquitous

ကုမ္ပဏီရဲ့နာမည်ကို သိသာထင်ရှားအောင် သစ်သားပြင်ပေါ်မှာ ရွှေစားလုံးနဲ့ ထိုးထားပြီး၊ လှပသေသပ်တယ်။

အစည်းအဝေးခန်းမှာ ကမ္ဘာ့လေထုနှင့် ကိုက်ညီတဲ့ မီးလုံးတွေနဲ့ အလှဆင်ထားတယ်။

ရုံးအဖွဲ့သားများနားနေနိုင်အောင် စွဲမက်ဖွယ်ကောင်းတဲ့ Vintage စတိုင်အခန်းများ ဖန်းတီးပေးထားပါတယ်။
၅. Google Japan

ဒီနေရာမှာ သင်အလုပ်လုပ်ချင်စိတ်ရှိနေမှာသေချာပါတယ်။

Google ရဲ့ ဂျပန်ရုံးခန်းဟာ တောက်ပတဲ့ အရောင်များနဲ့ တန်ဆာဆင်ထားပါတယ်။

လူတိုင်းက ဒီပတ်ဝန်းကျင်ရဲ့ အရသာကိုခံစားရင်း အလုပ်လုပ်ချင်လိမ့်မယ်၊ အဲဒီအကြောင်းအချက်ဟာ ဒီရုံးခန်းရဲ့ အထင်ကြီးလောက်စရာပါပဲ။

သန့်စင်ခန်းတွေကိုတောင် ရောင်စုံများဖြင့် အပန်းပြေအောင် ဖန်တီးထားတယ်။
၆. Adobe

ဒီလိုမျိုး စာလုံးပုံစံများဖြင့် ပုံဖော်ထားသော အစည်းဝေးခန်းကို အားလုံးကြိုက်နှစ်သက်မှာပါ။

ဒီလိုမျိုးရုံးခန်းဖွဲ့စည်းပုံကို သင့်ပတ်ဝန်းကျင်မှာ ရှိနေစေချင်လိမ့်မယ်။
၇. Selgas Cano Architecture, Madrid


လှပတဲ့ စတူဒီယို အဖြစ်ဖန်တီး တည်ဆောက်ထားပါတယ်။
၈. Cartoon Network, Atlanta

အံ့သြဖွယ်ကောင်းလောက်အောင် ရုံးအခန်းငယ်များကို Sticker များဖြင့် မွမ်းမံထားတယ်။

Cartoon Network မှ ဝန်ထမ်းများဟာ သူတို့ရဲ့ ရုံးခန်းတွေကို ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် ဖန်တီးခွင့်ရှိတယ်။
၉. TBWA/Chiat/Day, New York

New York မှ TBWA ရုံးမှာဆိုရင် ဝန်ထမ်းများဟာ နေရာအတည်တကျ သတ်မှတ်ထားတာ မရှိပဲ တစ်နေ့တာအတွက် ကိုယ်ထိုင်ချင်တဲ့နေရာကို ရွေးချယ်ခွင့်ရှိတယ်။

ထိတ်လန့်ဖွယ် သတ္တဝါရုပ်ထုတွေရှိတဲ့အပြင် container box ရုံးခန်းတွေလည်းထားရှိပါတယ်။
၁၀. Three Rings, San Francisco

Three Rings မှ အနုပညာရှင်များဟာ သူတို့ရဲ့ စားပွဲကို ကိုယ်တိုင်ဖန်တီးယူဖို့အတွက် ပံ့ပိုးမှုတွေပေးထားတယ်။

စာအုပ်စဉ်များနောက်မှာ နားခိုရန် လျှို့ဝှက်ခန်းများ ထားရှိပေးထားတယ်။
၁၁. Mother London

အံ့သြလောက်စရာစားပွဲတွေဟာ ဝန်ထမ်းပေါင်း ၂၀ဝ လောက်ကို ကိုယ်စားပြုပြီး ရက်သတ္တပတ် ၆ ပတ်မျှကြာရင် နေရာပြောင်းခွင့်ရှိပါတယ်။

Mother London ရဲ့ အစည်းအဝေးခန်းတွေဟာ သစ်လွင်လှပတဲ့ Vintage စတိုင် ပရိဘောဂတွေနဲ့ ဖန်တီးထားတယ်။
၁၂. Fnuky, Adelaide

Fnuky ရဲ့ရုံးခန်းတွေဟာ ဇိမ်ခံပစ္စည်းများနှင့် ဖွဲ့စည်းထားလို့ လူတိုင်းစိတ်ဝင်စားစရာပါပဲ။

Client များရုံးခန်းလာရင် ဘားခန်းမှာ သောက်စားရင်း သာယာကြည်နူးစွားနားနေနိုင်တယ်။
၁၃. Inventionland, Pittsburgh

Inventionland ဟာ သူရဲ့ဝန်ထမ်းများအတွက် ကွဲပြားခြားနားတဲ့ လုပ်ငန်းခွင် ဟရိယာများကိုဖန်တီးပေးထားပါတယ်။

Ship Ahoy ဆိုတဲ့ ပင်လယ်ဓါးပြလှေပုံစံ အလုပ်ခွင် ဧရိယာလည်းပါဝင်ပါတယ်။
၁၄. Ogilvy & Mather, China

ဒီ interior ဒီဇိုင်းဟာ တရုတ်မှာ အောင်မြင်ကျော်ကြားတဲ့ လက်ရာဖြစ်ခဲ့ပါတယ်။

ကစားကွင်းပုံစံ ပုံဖော်ထားတဲ့ အလုပ်ခွင်ဟာ စိတ်ကြည်နူးမှု အပြည့်ပေးပါတယ်။
၁၅. Pixar, Emeryville

Pixar ရဲ့ဝန်ထမ်းတွေဟာ သာမန်ရုံးခန်းမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားမှုရှိမှာ မဟုတ်ပါဘူး

အလုပ်များနေတဲ့ရုံးခန်းဟာ ထူးခြားတဲ့ decoration များနှင့်ပြည့်နှက်နေတာပါ။ အဲဒီရုံးခန်းမှာ
Scooter တွေ၊ ကလေးကစားစရာတွေ နှင့် စက်ဘီးများကိုလည်းတွေ့နိုင်ပါတယ်။
