Apps

မရိုးနိုင်တဲ့ Easy Screensaver Maker ဆော့ဖ်ဝဲ

Screensaver တွေက များလွန်းလို့ သိပ်တောင် မသုံးဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်မိသားစုပုံတွေကို စုစည်းပြီး Screensaver အဖြစ် ကြည့်ရတာတော့ မရိုးနိုင်စရာတွေပါပဲ။ http://www.easy-screen saver-maker.com ရဲ့ Easy Screensaver Maker ဆော့ဖ်ဝဲက ကွန်ပျူတာကို မသုံးဘဲ ခဏနားချိန်မှာ နောက်ခံတေးသံတွေနဲ့အတူ ကိုယ်တင်ထားပုံတွေ၊ ဓာတ်ပုံတွေရဲ့ လှုပ်ရှားမှုတွေကို ပြပေးပါတယ်။ လုပ်ဆောင်ရလွယ်ကူပြီး stand alone Screensaver(.scr) ဖိုင်အနေနဲ့ သိမ်းနိုင်သလို executable(.exe) နဲ့လည်း ထားနိုင်ပါတယ်။ Windows 7 အပါအဝင် Windows OS များမှာလည်း သုံးနိုင်ပါတယ်။ တကယ်လို့ ဝယ်သုံးချင်တယ်ဆိုရင်တော့ ၂၅ ဒေါ်လာမကျော်ပါဘူး။ မဝယ်ဘဲ သုံးမယ်ဆိုရင်တော့ အချိန်ကတ်သန့်မထားသော်လည်း ကိုယ်အသုံးပြုချင်တဲ့ပုံလေး ငါးပုံသာ ထည့်ခွင့်ပေးထားတာကို တွေ့ရှိရပါတယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *