အိန္ဒိယ စမတ်ဖုန်း ထုတ်လုပ်တဲ့ Micromax က GSM နဲ့ CDMA SIM Card နှစ်ခုစလုံး အသုံးပြုလို့ရတဲ့ Canvas Blaze HD EG116 ကို Online Store ကနေ ရောင်းချပေးလိုက်ပါတယ်။ အဆိုပါ ဖုန်းကို ပြီးခဲ့တဲ့ တစ်ပါတ်က သူ့ရဲ့ Website မှာ တရား၀င် ဖော်ပြထားပြီး ၅ လက်မအရွယ် (1280×720) Pixel Display တပ်ဆင်ထားပါတယ်။ 1.2 GHz Quad-Core Processor နဲ့ Andriod 4.1(Jelly Bean) ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အနောက်ဘက်တွင် 8 Megapixel ကင်မရာနဲ့ မျက်နှာချင်းဆိုင်တွင် 2- Megapixel ကင်မရာ တပ်ဆင်ထားပြီး LED Flash ပါရှိပါတယ်။ 3G (EVDO Rev.A /HSDPA), Wi-Fi 802.11 b/g/n, Bluetooth, GPS , 3.5mm audio jack နဲ့ FM Radio တို့ ပါရှိပါတယ်။ 1GB RAM, 4GB Internal Memory ပါရှိပြီး 32GB ထိ ၀င်ဆံ့နိုင်တဲ့ Micro SD Card လည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 2000 mAh Battery တပ်ဆင်ထားပါတယ်။
Micromax Canvas Blaze HD EG116 ဖုန်းကို အဖြူရောင်ထုတ်လုပ်ထားပြီး အိန္ဒိယ ရူပီး 16,000 ဖြင့် ရောင်းချေပေးမှာ ဖြစ်ပါတယ်။ ဒီလကုန်ပိုင်းမှာ တရား၀င် ကြေညာမှာ ဖြစ်ပါတယ်။