Google Chrome Beta မှာ ‘Ok Google’ Voice Search ကို အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက် ထည့်သွင်းပေးလိုက်တဲ့အတွက် နောက်ထွက်လာမယ့် Google Chrome Browser တွေမှာလည်း Voice Search ကို အသုံးပြုနိုင်မယ် လို့ ထင်ရပါတယ်။
Google က Chrome Canary (Beta) Version ကို Android Software များမှာ အသုံးပြုလို့ရတဲ့ “ Ok Google” လို့ပြောပြီးတော့ ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။
အဲဒီအတွက် Chrome Browser ကို ရှာဖွေဖို့အတွက် စာရိုက်စရာမလိုတော့ဘဲ“ Ok Google” လို့ ပါးစပ်က ပြောဆိုတာနဲ့ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ “Ok Google” လို့ပြောပြီးသွားရင်တော့ သင်ရှာချင်တဲ့ အကြောင်းအရာတွေကို အသံဖြင့်အမိန့်ပေး ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ပါရှိလာတဲ့အတွက် Timer တွေ သတ်မှတ်ခိုင်းလို့ရသလို Reminder တွေကိုလည်း သတ်မှတ်လို့ ရပါတယ်။ ဥပမာအားဖြင့် “Ok Google, remind me to pick up dessert at 6pm tonight.”လို့ပြောပြီး Chrome Browser ကို သတိပေးခိုင်းထားလို့ ရပါတယ်။
အခုလောလောဆယ်မှာတော့ Beta Version မှာပဲ အဲဒီ စွမ်းဆောင်ချက် ထည့်သွင်းပေးလိုက်တာဖြစ်တာပြီး Stable Version မှာ တော့ ထည့်သွင်းပေးခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Beta Version မှာ ထည့်သွင်းပေးလိုက်တဲ့ စွမ်းဆောင်ချက်တွေဟာ Stable Version မှာ လည်း နောက်ပိုင်းမှာ ထည့်သွင်းပေးလေ့ရှိပါတယ်။ Chrome Beta ကို အသုံးပြုတဲ့သူတွေအတွက် တော့ Google.com Website ကို သွားပြီးတော့ Mic Icon လေးကို နှိပ်ပြီး “Enable Ok Google” ဆိုတာကိုလည်း နှိပ်ပေးရမှာ ဖြစ်ပါတယ်။
‘Ok Google’ကို Chrome မှာ ပထမဆုံး မိတ်ဆက်လာခဲ့တာကတော့ Google ရဲ့ တရား၀င် Voice Search Hotword Extension ဖြစ်ပြီးတော့ Chrome Web Store မှ ရယူနိုင်တာ ဖြစ်ပါတယ်။ Chrome Beta မှာလိုပဲ “Ok Google” လို အသံဖြင့် အမိန့်ပေးနိုင်ပြီးတော့ ရှာချင်တာတွေကို ရှာဖွေလို့ရမှာ ဖြစ်ပါတယ်။
Chrome Stable Version ကို အသုံးပြုနေသူတွေ အတွက်တော့ အဲဒီ Extension ကို Install လုပ်ပြီးတော့ အသံဖြင့် ရှာဖွေနိုင်ပါတယ်။
https://www.youtube.com/watch?feature=player_embedded&v=oNBBijn4JuY