News

Rolls-Royce က အဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကုန်တင်သင်္ဘောများ ထုတ်လုပ်မည်

အမေရိကန်စစ်တပ်နဲ့ ကုလသမဂ္ဂက အဝေးမှ ထိန်းချုပ်နိုင်တဲ့ Drone ယာဉ်ပျံများကို အသုံးပြုနေကြပါတယ်။ Rolls-Royce က အဝေးမှထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကုန်တင်သင်္ဘောများကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ကပ္ပတိန်က အဝေးမှ နေပြီး ကုန်တင်သင်္ဘောကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီသင်္ဘောကို ပြီးခဲ့တဲ့ နှစ်ကတည်းက တီထွင်နေတာဖြစ်ပါတယ်။ လူလိုက်ပါခြင်း မရှိတဲ့ ကုန်တင်သင်္ဘောများဟာ ပိုမိုလုံခြုံစေမှာ ဖြစ်သလို သန့်ရှင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်များကို ပြောင်းရွှေ့ရာမှာလည်း ကုန်ကျစရိတ်သက်သာစေမှာ ဖြစ်ပါတယ်။

အဲဒီနည်းပညာဟာ အကောင်အထည်ပေါ်တော့မယ့် အနေအထားကို ရောက်နေပြီ လို့ Rolls-Royce ရဲ့ ရေကြောင်းနည်းပညာ အင်ဂျင်နီယာ နဲ့ နည်းပညာဌာနမှ အရာရှိဖြစ်သူ Oskar Levander က ပြောပါတယ်။

လူလိုက်ပါခြင်းမရှိတဲ့အတွက် သင်္ဘောဟာ ငါးရာခိုင်နှုန်း ပေါ့ပါးမှာ ဖြစ်ပြီး ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း လောင်စာဆီ သက်သာမှာ ဖြစ်ပါတယ်။ သင်္ဘောသားများရဲ့ တစ်နေ့ ကုန်ကျစရိတ် ဟာ ဒေါ်လာ (၃၂၉၉) ဖြစ်ပြီး ကုန်တင်ပို့ခြင်းလုပ်ငန်း ကုန်ကျစရိတ် ရဲ့ (၄၄) ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဲဒီသင်္ဘောသားများအတွက် ကုန်ကျစရိတ်တွေကို သက်သာစေမှာ ဖြစ်ပါတယ်။

အဲဒီနည်းပညာ ကို ဘယ်အချိန်မှာ တီထွင်အောင်မြင်မယ်ဆိုတာ နဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရရှိမလား ဆိုတာကိုတော့ မသိရသေးပါဘူး။ အလိုအလျှောက်မောင်းနှင်တဲ့ကားများ ကို လည်း Company များ က အပြိုင်အဆိုင်တီထွင်နေကြပါတယ်။ Google, Audi, Ford တို့အပြင် စင်ကာပူ လို နိုင်ငံငယ်လေးကတောင် အလိုအလျှောက်မောင်းနှင်တဲ့ကားကို တီထွင်နေပါတယ်။ အလိုအလျှောက်မောင်းနှင်တဲ့ကားတွေ လမ်းမပေါ်ရောက်ရှိလာမယ့် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ဥပဒေတွေ ထွက်ပေါ်လာ ဖို့လည်း အရေးကြီးပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *