အနုပညာရပ် အမျိုးမျိုးအတွက် အကျုံး၀င် အရေးပါလှတဲ့ မြင်မှု ဆိုင်ရာ အနုပညာရပ်မှာ တစ်ခု အပါအ၀င်ဖြစ်တဲ့ ပန်းချီ ပညာရပ်တွေ ကြည့်ရှုရမယ့် ၀က်ဘ်ဆိုက်ပါ။ ပန်းချီပညာရှင်တွေ ဖြစ်တဲ့ An Gogh, Picasso, Warhol, Monet, Klimt, Daliတို့ရဲ့ ပန်းချီကားတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပြီး ပန်းချီကားရဲ့ အရွယ်အစား၊ ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက် တင်ပြထားလို့ ကြိုက်နှစ်သက်တာတွေကို အွန်လိုင်း ပေါ်မှာတင် ၀ယ်ယူနိုင်ပါတယ်။ Fine Art, Decorative Art, Vintage Art, Photographyစတဲ့ ပန်းချီပုံစံ အမျိုးအစားအလိုက် သိန်းချီရှိတဲ့ ပန်းချီကားပေါင်းများစွာ ကြည့်ရှု ကူးယူထားနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ ပန်းချီတွေ၊ အရောင်းရဆုံး ပန်းချီကားတွေ၊ ပိုစတာတွေလည်း ထည့်သွင်းပေးထားပြီး National Geographic, Lonely Planet, Panoramic Images, Exclusive Productsနဲ့ Life Collection Posterတွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။
အနုပညာ သုခုမလွင်ပြင်

25
Mar