အကျိုးအမြတ်မယူဘဲ လူသား အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ အင်န်ဂျီအို အဖွဲ့အစည်း ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ လူသန်းပေါင်း ၅၂သန်းကျော် ရှိတဲ့အနက် ၂၅ရာခိုင်နှုန်းသော သူတွေဟာ တစ်နေ့ကို ၀င်ငွေ တစ်ဒေါ်လာ အောက်သာ ရရှိနေတဲ့ အတွက်ကြောင့် အင်န်ဂျီအို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မိမိမှာရှိတဲ့ အရည်အချင်းတွေနဲ့ မြင့်မြတ်တဲ့ လူသား အကျိုးပြုလုပ်ငန်းတွေ ပါ၀င် ဆောင်ရွက်နိုင်တယ် လို့ ၀က်ဘ်ဆိုက်က ဆိုပါတယ်။ ဒီ၀က်ဘ်ဆိုက်မှာ နာဂစ် ပြန်လည် ထူထောင်ရေး၊ ပြည်သူ့ ကျန်းမာရေး စတဲ့ သတင်းတွေ၊ အင်န်ဂျီအို အဖွဲ့အစည်းတွေရဲ့ တည်နေရာလိပ်စာနဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ဖတ်ရှုရမှာဖြစ်ပြီး ပြည်တွင်းမှာ လစ်လပ်နေတဲ့ အလုပ်အကိုင် ရာထူး တွေကိုလည်း ရှာဖွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရပ်ဆိုင်ရာ စကောလားရှစ်၊ ဖဲလိုးရှစ်မျိုးစုံကို လျှောက်ထားနိုင်တဲ့ အပြင် ပညာသင်ဆု ရရှိခဲ့တဲ့ သူတွေရဲ့ အတွေ့အကြုံတွေကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။
မြန်မာ အင်န်ဂျီအို

04
Feb