ကွန်ပျူတာတွေ၊ ဂျီအက်စ်အမ် ဖုန်းတွေနဲ့ အင်တာနက် ချိတ်ဆက်တဲ့အခါ နှေးခြင်း/ မြန်ခြင်းဆိုတာ အသုံးပြုတဲ့ စက်အပေါ် မူတည်သလို Wi-Fi, Wi-Max, Broad band လိုင်းတွေရဲ့ Singnal Strength နဲ့ အသုံးပြုသူတွေရဲ့Recieve/ Transmit ပမာဏန့ဲလည်း သက်ဆိုင်ပါတယ်။ ဒီ၀က်ဘ်ဆိုက်မှာဆိုရင် သင့်ကွန်ပျူတာရဲ့ မမ်မိုရီရဲ့ လုပ်ဆောင်မှု အားကောင်းစေပြီး အင်တာနက် ကွန်နက်ရှင်ကို ပိုမြန် စေမယ့် ဆော့ဖ်၀ဲကို ဖရီး ဒေါင်းလုပ်ဆွဲယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယင်းဆော့ဖ်၀ဲ သုံးတဲ့အခါမှာတော့ အသုံးပြုချင်တဲ့ Browser အမျိုးအစား ကို IE သို့မဟုတ် Firefox ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ တက်လာတဲ့ Window Box မှာတော့ Web + Optimize Button ကို ကလစ်နှိပ်ရမှာ ဖြစ်ပြီး ၀က်ဘ်ဆိုက် ကြည့်ရှုနိုင်မှု အမြန်နှုန်း ကြာချိန်ကို စက္ကန့်နဲ့ သိရှိရမှာ ဖြစ်ပါတယ်။ အနီရောင် Boost Buttonကို ကလစ်နှိပ်ပြီးတဲ့ အခါမှာတော့ အင်တာနက် ကွန်နက်ရှင်ဟာ သင်ထင်တာထက် ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။
မြန်ဆန်တဲ့ အင်တာနက်

28
Jan