ကွန်ပျူတာပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို ရေးသား ဖော်ပြထားတဲ့ ၀က်ဘ်ဆိုက်ပါ။ 2012 Review: Top Ten SME IT Stories, Top Ten Retail IT Stories စတဲ့ ကွန်ပျူတာပိုင်းဆိုင်ရာ ဆောင်းပါးတွေကို အိုင်တီဂျာနယ်လစ် သတင်းသမားတွေမှ သုံးသပ် တင်ပြပေးထားပြီး ဆာဗာနည်းပညာဆိုင်ရာ Case Studies, Video and Web Seminar သတင်းအချက်အလက်တွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခမဲ့အီးဘုတ်တွေ ရယူနိုင်မှာ ဖြစ်တဲ့အပြင် Sudoku, Dilbert, Downtime ဉာဏ်စမ်းဂိမ်းတွေကို အွန်လိုင်းမှာတင် ဆော့ကစားရမှာပါ။ Online Panel မှာ အိုင်တီပရော်ဖက်ရှင်နယ်တွေ ဆွေးနွေးနိုင်မယ့် အစီအစဉ် ပါ၀င်တဲ့အပြင် အိုင်တီစီမံခန့်ခွဲမှု၊ ကွန်ယက်စနစ်၊ ဆော့ဖ်၀ဲ၊ ဟာ့ဒ်၀ဲ၊ သုတေသန စာတမ်းကဏ္႑တွေ ပါ၀င်လို့ ကွန်ပျူတာသမား မှန်ရင် ၀င်ကြည့်သင့်ပါတယ်။
ကွန်ပျူတာ နည်းပညာ

21
Jan