Mobile, Review

HTC Droid DNA Smartphone

အသစ်ဖြစ်သော နည်းပညာသစ်ပစ္စည်းတွေကို စိတ်၀င်စားသူများအတွက် HTCရဲ့ နောက်ဆုံးထွက် HTC Droid DNA စမတ်ဖုန်းကို ဖော်ပြပေးချင်ပါတယ်။ HTCရဲ့ ထွက်သမျှ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။ Quad-Core Processor နဲ့ နောက်ဆုံးထွက် Android Version 4.1
Jelly Beanကို သုံးထားတယ်။ Screen အရွယ်အစားက ၅လက်မ ရှိပြီး Excellent ဖြစ်တဲ့ ကင်မရာ တစ်လုံးနဲ့ ကြာရှည်ခံတဲ့ ဘတ်ထရီကိုလည်း ထည့်သွင်းထားပါတယ်။ 4G Network အသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

အချပ်ပြားပုံ ဒီဇိုင်း
HTC Droid DNAရဲ့ ဒီဇိုင်းပုံစံက ဆွဲဆောင်မှုရှိတဲ့ပုံစံပါ။ ဖုန်းရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ အနီရောင်လိုင်းလေးကို ထည့်သွင်းထားခြင်းက ခေတ်ဆန်မှုကို ဖော်ပြနေ သယောင်။ ပါးလွှာပြီး Touch သွက်လှတဲ့ Screenကြောင့် အကောင်းဆုံး HTC စမတ်ဖုန်းတစ်လုံးလို့ သတ်မှတ်ခံရတာပါ။ ဘယ်လောက်တောင် ပါးလွှာသလဲဆိုရင် ဖုန်းတစ်လုံးလို့ ထင်မြင်ရဖွယ် မရှိလောက်အောင်ကို ပါးလွှာတဲ့ အချပ်ပြားပုံသဏ္႑ာန် ရှိတာကို တွေ့ရပါတယ်။

Galaxy S3 ထက် ပိုမိုပါးလွှာ
တိုင်းတာချက်အရ အမြင့် ၅.၆လက်မနဲ့ အကျယ် ၂.၇ လက်မ ရှိတဲ့ Screen အကြီးစား ဖုန်းအမျိုးအစားပါ။ အထူကတော့ ၀.၁၆ လက်မသာ ရှိတဲ့အတွက် Samsung Galaxy S3 ထက် ပိုမို ပါးလွှာတာကို တွေ့ရပါတယ်။ အဆိုပါဖုန်းက သင်တုန်းဓား တစ်ချောင်းလိုပဲ ပါးလွှာပြီး ချွန်ထက်တယ်လို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Buttonတွေ ဒီဇိုင်းတွေကို သတ္ထုနှင့် ပြုလုပ်ထားတာကြောင့်ပါ။ ဒါ့ကြောင့် Plasticများနဲ့ ပြုလုပ်ထားသည့် Galaxy S3ရဲ့ အစိတ်အပိုင်းများထက် ပိုမို သေသပ်တယ်လို့ ခံစားရနိုင်ပါတယ်။ SIM Card Slotက ဖုန်းရဲ့ဘေးမှာရှိပါတယ်။ စကရင်ရဲ့အပေါ်ပိုင်းမှာတော့ 2 Megapixel ရှိတဲ့ ရှေ့ပိုင်း ကင်မရာတစ်လုံးကို တပ်ဆင်ထားတာ တွေ့ရ ပါတယ်။ ၄င်းကင်မရာက 1080p ရှိတဲ့ HD Vide တွေကို ရိုက်ကူးနိုင်ပါတယ်။ ဖုန်းရဲ့ဘေးဘက်မှာ အသံ အတိုးအကျယ် ပြုလုပ်နိုင်မယ့် Volume Bar၊ Headphone Jack ပေါက်တစ်ခု၊ Power Buttonနဲ့ ဆင်းမ်ကဒ် ထည့်သွင်းနိုင်မယ့် SIM Card Slotတွေ ပါရှိပါတယ်။ အောက်ခြေပိုင်းမှာတော့ Micro-USB Port တစ်ခု ပါ၀င်ပါတယ်။ အနောက်ပိုင်းမှာတော့ 8 Megapixel အရည်အသွေးရှိတဲ့ ကင်မရာတစ်လုံးနဲ့ LED Flashကိုလည်း တပ်ဆင်ပေးထားပါတယ်။

Android Latest Version
Android OS User များအတွက်တော့ သတင်းကောင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Android နောက်ဆုံး Latest Version ဖြစ်တဲ့ 4.1 Jelly Bean ကို တစ်ခါတည်း Build-in ထည့်သွင်းထားလို့ပါပဲ။ ဒါကြောင့် Touch အသုံးပြုရာမှာလည်း ပိုမို မြန်ဆန်သွက်လက်ပါတယ်။ နောက်ပြီး အင်တာနက် အသုံးပြုရာမှာလည်း သွက်လက်ပါတယ်။

အသုံးပြုနိုင်တဲ့ Applicationများ
စမတ်ဖုန်း အများစုမှာ အသုံးပြုနိုင်တဲ့ GPS Function, Bluetooth 4.0, Wi-Fi နဲ့ Mobile Hot-Spot Application တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် Popular Google Serviceတွေ ဖြစ်တဲ့ Gmail, Google Plus, Maps နဲ့ Navigationတွေကို အသုံးပြုနိုင်ပါတယ်။ Music ပိုင်းအတွက်တော့ Amazon MP3 Player နဲ့ Internet Radio Appတွေ ပါ၀င်ပါတယ်။

ကောက်နုတ်ချက်
HTC Droid DNA မှာ Quad-Core Processor, Android 4.1 Jelly Bean, 4G LTE Network စတဲ့ အားသာချက်တွေ ရှိပါတယ်။ အားနည်းချက်ကတော့ SD Card Slot မပါ၀င်တဲ့အတွက် Memoryကို ထပ်တိုးလို့ မရနိုင်ပါဘူး။ Internal Storage အနေနဲ့ 16GBကိုတော့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အလွယ်တကူ ဖယ်ထုတ်နိုင်တဲ့ ဘတ်ထရီ အမျိုးအစားလည်း မဟုတ်ပါဘူး။ ဈေးနှုန်းကတော့ USD 199.99 ရှိတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *