Featured, Review

နည်းပညာနယ်ပယ်မှာ ရင်းနှီးမြှပ်နှံတဲ့ ဖျော်ဖြေရေးနယ်ပယ်မှ နာမည်ကျော် ကိုးဦး

နည်းပညာနယ်ပယ်မှာ ရင်းနှီးမြှပ်နှံတဲ့ ဖျော်ဖြေရေးနယ်ပယ်မှ နာမည်ကျော် ကိုးဦး

တည်ထောင်ခါစ ကုမ္ပဏီ အသေးလေးများဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှပ်နှံမှုဘဏ်များနဲ့ နည်းပညာနယ်ပယ်မှ သူဌေးများရဲ့ ရင်းနှီးမြှပ်နှံမှုများကို ရရှိကြပါတယ်။ အခုခေတ်နည်းပညာနယ်ပယ်မှာတော့ ရင်းနှီးမြှပ်နှံသူ လူတန်းစားတစ်ရပ် ပေါ်ထွက်လာပါတယ်။ သူတို့ကတော့ Ashton Kutcher, Leonardo DiCaprioတို့လို ဖျော်ဖြေရေးနယ်ပယ်မှ ချမ်းသာသူများ ဖြစ်ပါတယ်။

သူတို့ထဲမှ အနည်းငယ်က နည်းပညာနယ်ပယ်မှာ အောင်မြင်နေကြပေမယ့် အများစုကတော့ ရှုံးနိမ့်ပြီး ကျောခိုင်းထွက်ခွာသွားကြရပါတယ်။

1.Eddie Vedder

1

အမေရိကန် ရော့ခ်တီးဝိုင်း The Pearl Jamရဲ့ ခေါင်းဆောင်သူ Eddie Vedderက ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှပ်နှံနေပါတယ်။
အဲဒီကုမ္ပဏီက နာမည်ကြီး Dropboxဖြစ်ပြီး ဧပြီလတုန်းက Dropboxက သူဟာ ရင်းနှီးမြှပ်နှံသူတစ်ဦးပါလို့ကြေညာခဲ့ပါတယ်။

Vedderရဲ့ Dropboxမှာ ဒေါ်လာ သန်း ၂၅၀ရင်းနှီးမြှပ်နှံမှုဟာ Dropboxရဲ့ CEOဖြစ်သူ Drew Houstonနဲ့ ပုဂ္ဂိုလ်ရေး အလွန် ရင်းနှီးမှုရှိပြီး နောက်ပိုင်းမှာ ဆက်လက်ရင်းနှီးမြှပ်နှံဖို့ ရှိနေတာကို ပြသလိုက်တာပါ။

2.Bono

2

Bonoက ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီပေးနေတဲ့ ရော့ခ် အဆိုတော် တစ်ဦး ဖြစ်သလို စွန့်ဦးရင်းနှီးမြှပ်နှံသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကုမ္ပဏီလေးတွေမှာ ငွေမြောက်မြားစွာ ရင်းနှီးမြှပ်နှံနေပါတယ်။ Palm, Forbes, Move Incစတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံတဲ့ အခါမှာ ဆုံးရှုံးခဲ့ပေမယ့် Yelp, Facebookတို့မှာ အောင်မြင်မှုရနေပါတယ်။ Bonoရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေဟာ သတင်းခေါင်းစီးမှာ ပါလေ့ရှိပါတယ်။ မကြာမီကလည်း Dropboxနဲ့ Twitterကို ပူးတွဲတည်ထောင်သူ Biz Stoneရဲ့ Appတို့မှာ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

3.Justin Bieber

3

နာမည်ကြီး Popအဆိုတော် Justin Bieberက မထင်မရှား Video Chat Websiteတစ်ခုဖြစ်တဲ့ Tinychat၊ Social App ဖြစ်တဲ့ Stamped( နောက်ပိုင်းမှာ Yahooက ၀ယ်ယူ)၊ ဂိမ်းကုမ္ပဏီ Sojo Studiosနဲ့ သူ့နယ်ပယ်မှ Spotifyတို့မှာ ရင်းနှီးမြှပ်နှံထားပါတယ်။

သူနောက်ဆုံး ရင်းနှီးမြှပ်နှံထားတဲ့ ကုမ္ပဏီက Selfieရိုက်ပြီး မျှဝေကြတဲ့ ဆယ်ကျော်သက် Social Networkဖြစ်ပါတယ်။

4.Justin Timberlake

4

ဒါရိုက်တာ David Fincherရဲ့ ၂၀၁၀ ခုနှစ်ထွက် The Social Network ရုပ်ရှင်မှာ Napsterရဲ့ ပူးတွဲတည်ထောင်သူ Sean Parkerအဖြစ် သရုပ်ဆောင်အပြီးမှာ Justin Timberlakeဟာ Social Networkတစ်ခုဖြစ်တဲ့ Myspaceမှာ ရင်းနှီးမြှပ်နှံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အရင်က နာမည်ကျော် ‘N Syncရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ နာမည်နဲ့ ငွေကြေးများဟာ တစ်ကျော့ပြန် Myspaceကို ပြန်လည် အောင်မြင်စေမလားဆိုတာ မသိရသေးပါဘူး။

5.Selena Gomez

5

သူမရဲ့ အရင်ရည်းစားဟောင်း Justin Bieberက Selfie Appမှာ ရင်းနှီးမြှပ်နှံမှု မပြုလုပ်ခင်မှာ Selena Gomezက ဖုန်းကနေ Postcardများ ပေးပို့နိုင်တဲ့ iOS , Android Appဖြစ်တဲ့ Postcard on the Runမှာ ဒေါ်လာ ၇၅၀၀၀၀ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

6.Neil Young

6

အသက် ၆၈ နှစ်အရွယ် ရော့ခ်အဆိုတော် Neil Youngက ဒီနှစ်မှာ ကျင်းပတဲ့ South by Southwest ပွဲမှာ သူ့ရဲ့ သီချင်း ကုမ္ပဏီ PonoMusicမှာ ဒေါ်လာ တစ်သန်းရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ကုမ္ပဏီဟာ MP3 Playerကို ထုတ်လုပ်မှာပါ။

Ponoဟာ ဟာဝေယန်ဘာသာစကားနဲ့ ရိုးရှင်းမှန်ကန်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ Pono Playerဟာ CDများထက် အရည်အသွေးပိုကောင်းတဲ့ အသံကို ပေးစွမ်းနိုင်ပါတယ်။ စိတ်၀င်စားစရာကောင်းပေမယ့် Playerကို ဝေဖန်သူများ ရှိနေပါတယ်။ Guardian Editorဖြစ်သူ Charles Arthurက Ponoကို စမ်းသပ်ပြီး ရေးသားထားတာက “Ponoဟာ သင်တကယ်မရရှိနိုင်တဲ့ စွမ်းရည်တစ်ခုကို ဈေးကြီးပေး၀ယ်ရတာပါ။ ဘာနဲ့တူလဲဆိုတော့ မမြင်ရတဲ့ အ၀တ်အစား ဒါမှမဟုတ် ရနံ့မပါတဲ့ ရေမွှေးတို့လိုပါပဲ။” လို့ ဖြစ်ပါတယ်။

7.Seth Green

Can’t Hardly Waitမှာ ကလေးသရုပ်ဆောင် အဖြစ် ထူးချွန်ခဲ့တဲ့ Seth Greenဟာ Shodoggလို့ အမည်ရတဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ စမတ်ဖုန်း Appတစ်ခုဖြစ်ပြီး ဗီဒီယိုများကို ကွန်ပြူတာသို့ ထုတ်လွှင့်ပေးနိုင်ပါတယ်။ ဒီလိုထုတ်လွှင့်ပေးဖို့ ဝါယာကြိုးတွေ မလိုအပ်ပါဘူး။ အင်တာနက်ဆက်သွယ်မှုကနေ ထုတ်လွှင့်ပေးတာပါ။

8.LeBron James

8

အလွန်ပါရမီကောင်းတဲ့ ဘတ်စကတ်ဘောသမားက NBAရဲ့ Eastern Conference Finalမှာ Miami Heatကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ Appleက Dr. Dreရဲ့ Beatsနားကြပ်ကုမ္ပဏီကို ၀ယ်ယူတဲ့အခါမှ ကြော်ညာခအဖြစ် ဒေါ်လာ သန်းသုံးဆယ်ရရှိလိုက်ပါတယ်။ အတိုချုပ်ပြောရရင် LeBron Jamesထိသမျှဟာ ရွှေဖြစ်နေတာပါ။

9.Dr. Dre

9

Beatsအကြောင်းပြောရရင် ရက်ပါနဲ့ Hip Hopအဆိုတော် Dr. Dre မပါမဖြစ်ပါ။ သူဟာ Interscope Recordsရဲ့ Jimmy Iovineနဲ့ ပူးပေါင်းပြီး စတိုင်ကျတဲ့ Headphone Companyဖြစ်တဲ့ Beats By Dreကို တည်ထောင်ခဲ့တာပါ။ နာမည်ကြီး ဂီတလောကမှ အဆိုတော်များရဲ့ အကူအညီနဲ့ ဈေးနှုန်းမြင့် နားကြပ်ဟာ အလွန်ရေပန်းစားခဲ့ပြီး Appleအရာရှိများရဲ့ စိတ်၀င်စားမှုကို ရရှိခဲ့တာပါ။ ဒီနှစ်မေလထဲမှာ Appleက Beatsကို ဒေါ်လာ ၃ ဘီလီယမ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ Iovineနဲ့ Dreတို့ဟာလည်း Appleအရာရှိများ ဖြစ်လာပါတယ်။ သူဟာ Appleရဲ့ WorldWide Developer Conferenceကို တက်ရောက်ခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *