News

ရန်ကုန်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာညီလာခံတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အဖွင့်အမှာစကားပြောကြားမည်

မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပမည့် Eas-West Center က ကြီးမှူးစီစဉ်သော အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မီဒီယာပြုပြင်ပြောင်းလဲမှုများအတွက် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေသည်များနှင့် အနာဂတ်စီမံကိန်း များအကြောင်းကို ဦးရဲထွဋ်က တက်ရောက်လာမည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ထူးချွန်ထက်မြက်သောသတင်းထောက် ၃၀ဝကျော်အား ဆွေးနွေးပြောကြား သွားမည်ဖြစ်ပါသည်။ အဲဒီနောက်တွင် မြန်မာနိုင်ငံ၏ သိသာထင်ရှားသော မီဒီယာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အပေါ် အခြားအာဆီယံနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ရုန်းကန် နေရဆဲအနေထားများနှင့်နှိုင်းယှဉ်ပြီး ဒေသတွင်း အမြင်ရှုထောင့်မှဆွေးနွေးတင်ပြမည့် အရှေ့တောင်အာရှမှ သတင်းထောက်များ၏ ဆွေးနွေးပွဲတစ်ခုကို ကျင်းပသွားမည်ဖြစ်ပါသည်။

မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာညီလာခံသို့ တက်ရောက်ရန် မှတ်ပုံတင် စာရင်းပေးသွင်းမှု အစီအစဉ်ကို ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်ကာ မြန်မာနိုင်ငံသားများအတွက် အထူးနှုန်းထားများဖြင့် စာရင်း သွင်းနိုင်ရန် စီစဉ်ထားပါသည်။ သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက EastWestCenter.org/imc2014 တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။ မြန်မာနိုင်ငံတွင် [email protected]; tel : +95-1-513643 သို့ ဆက်သွယ်ကာ စာရင်းပေး နိုင်ပါသည်။

East-West Center က နှစ်နှစ်တစ်ကြိမ်စီစဉ်ကျင်းပသည့် လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာညီလာခံတွင် အာရှဒေသ၊ ပစိဖိတ်ဒေသနှင့် အမေရိကန်နိုင်ငံတို့တွင် ကြုံတွေ့နေရသည့် `စာနယ်ဇင်းလွတ်လပ်ခွင့် အတွက် စိန်ခေါ်မှုများ´(Challenges of a Free press) ဟူသည့် ခေါင်းစဉ်ကိုအခြေခံပြီး သီးခြားဟောပြောပွဲများ၊ဆွေးနွေးပွဲများ၊အလုပ်ရုံဆွေးနွေးပွဲနှင့် အစီအစဉ်ပေါင်း ၅၀ ကျော်ပါဝင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) တွင် ကျင်းပမည့် အဆိုပါညီလာခံကို ပါဝင်တက်ရောက်သူများအနေဖြင့် အာရှဒေသ၊ ပစိဖိတ်ဒေသနှင့် အမေရိကန် နိုင်ငံတို့မှ ဦးဆောင်ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံမိတ်ဖွဲ့ခွင့်များရရှိမည့် ထူးခြားကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။

ဆွေးနွေးပွဲခေါင်းစဉ်များတွင် ဒစ်ဂျစ်တယ်ခေတ်၌ စာနယ်ဇင်းပညာအနေဖြင့် ကြုံတွေ့ရသည့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများ၊ ပဋိပက္ခသတင်း ရေးသားတင်ပြခြင်း နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဆိုက်ဘာလုံခြုံရေး၊ နိုင်ငံသားဆိုင်ရာမီဒီယာ၊ social media ၏ နောက်ဆုံးပေါ်အထောက်အကူများ (tools)နှင့် အလားအလာများ၊ အချက်အလက်စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးဖော်ထုတ်သတင်း ရေးသားခြင်း နှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးချသတင်းစာပညာ၊ သဘာဝဘေးအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်း ရေးသားတင်ပြခြင်း၊ ထိရှလွယ်သည့်မီဒီယာအရေးကိစ္စများတင်ပြခြင်းနှင့် အခြားရေးရာများပါဝင်ပါသည်။ ပါဝင်ဆွေးနွေးပြောကြားမည့် ပုဂ္ဂိုလ်စာရင်းကို ဤတွင် ကြည့်ရှုနိုင်ပါသည်။

East-West Center ၏ သတင်းမီဒီယာညီလာခံအကြောင်း
အမေရိကန်နိုင်ငံနှင့် အာရှပစိဖိတ်ဒေသရေးရာကိစ္စများကို အဓိက ဦးတည်ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် တစ်ခုတည်းသော East-West Center အပြည်ပြည်ဆိုင်ရာသတင်းမီဒီယာညီလာခံ သည် ဒေသတွင်း လွှမ်းမိုးမှုအရှိဆုံး မီဒီယာဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်မီဒီယာဆွေးနွေးပွဲများကို ဘန်ကောက်၊ ဟောင်ကောင်နှင့် ဆိုးလ် တို့တွင် ကျင်းပခဲ့ပါသည်။ တောင်ကိုရီးယားတွင် ကျင်းပခဲ့သည့် ၂၀၁၂ ခုနှစ် မီဒီယာဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ပါဝင်တက်ရောက်သူ ၃၀ဝ ကျော်ရှိခဲ့ပါသည်။
အသေးစိတ် အချက်အလက်များကို ပူးတွဲပါဖိုင်တွင် လေ့လာနိုင်ပါသည်။
ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ဆွေးနွေးမှုအပါအဝင် သတင်းမီဒီယာညီလာခံတွင် သတင်းယူရန် မီဒီယာတက်ရောက်ခွင့်အတွက် အောက်ပါလူတို့ကို ဆက်သွယ်စာရင်းပေးပါရန်
စာနယ်ဇင်းမီဒီယာများမှ အဓိကဆက်သွယ်ရန်
မြန်မာ: USA:
လှမြတ်မွန် Derek Ferrar
+95(09)5096881 +1 (808) 944-7204
[email protected] [email protected]
Additional Media Contacts: (TODAY Ogilvy Public Relations, Yangon):
Liz Bentz Adeana Greenlee
+95 0 9421151418 +95 0 9420276320
[email protected] [email protected]
Shane Neubronner
+95 0 9421151418
[email protected]

Leave a Reply

Your email address will not be published. Required fields are marked *