Lifestyle, News

Yoma Strategicမှ အများမျှော်လင့်နေသည့် ၂၀၁၅ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ ကြေညာချက်

Yoma Strategicမှ အများမျှော်လင့်နေသည့် ၂၀၁၅ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ ကြေညာချက်

မြန်မာနိုင်ငံ၏ နှစ်စဉ်ကျင်းပလျှက်ရှိသည့် အကြီးမားဆုံးသော မာရသွန်ပြိုင်ပွဲကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ပွဲစီစဉ်သူများအနေဖြင့် လက်ရှိပြိုင်ပွဲဝင်များထက်ပိုပြီး ပြိုင်ပွဲဝင်အရေအတွက်ထက် ၁၀ဝ၀ မက ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ရည်မှန်းသည်။

ရန်ကုန်၊ မြန်မာ -သြဂုတ်လ ၁၅ရက်၊၂၀၁၄ ခုနှစ်။ Yoma Strategic Holdings Ltd မှဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ သတင်းတစ်ရပ်အနေဖြင့် တတိယအကြိမ် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲကြီး (“YYIM”) ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ First Myanmar Investment (“FMI”) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီ (“YCDC”) တို့က ပူးပေါင်း စီစဉ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ ပြိုင်ပွဲဝင်ပေါင်း ၃၀ဝ၀ နီးပါးခန့် ပါဝင်ခဲ့သော ၂၀၁၄ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ပွဲ၏အောင်မြင်မှုပေါ်တွင် အခြေတည်ပြီး ယခုလာမည့် ၂၀၁၅ခုနှစ်တွင် မာရသွန်ပြိုင်ပွဲဝင်သူပေါင်း ၄၀ဝ၀ အထိ ပါဝင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

လာမည့် ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ပွဲသည် နိုင်ငံ၏အကြီးမားဆုံးသော မာရသွန်ပြိုင်ပွဲကြီးဖြစ်ပြီး ရန်ကုန်မြို့၏လမ်းမထက်များတွင် ကျင်းပမည့် ထိုအပြေးပြိုင်ပွဲနှင့်အတူ ဆက်စပ်လျှက်ရှိသည့် ပွဲအစီအစဉ်များကို ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သူတိုင်းအတွက် ပိုမိုကောင်းမွန်သော အစီအစဉ် အတွေ့အကြုံများကို ရရှိခံစားနိုင်စေရန် သေချာအောင် ပွဲဖြစ်မြောက်ရေး စီစဉ်သူများအနေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မီတီ၏ လမ်းညွန်ချက်များအတိုင်း ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာပြည်၏ အကြီးကျယ်ဆုံးသော အားကစားပြိုင်ပွဲများအနက်မှ တစ်ခုဖြစ်သည့် ဤပွဲတွင် YYIM အနေဖြင့် အပြေးပြိုင်ပွဲဝင်သူများ၊ အထောက်အပံ့ပေးသူများ၊ အခမဲ့ပရဟိတကူညီပေးသူများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လူထုအားလုံးနှင့်အတူ ပူးပေါင်း ပါဝင်နိုင်စေဖို့ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“Yoma Strategic သည် ၂၀၁၅ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲကြီးကို ကျင်းပနိုင်ရေး အတွက် စိတ်လှုပ်ရှားနေမိပါသည်။ ဤပြိုင်ပွဲကြီး နှစ်စဉ် ပိုမိုတိုးတက် ကောင်းမွန်လာရန်နှင့် ပြိုင်ပွဲဝင်များ ဒီထက်မက ပိုမိုများပြားပါဝင်လာရန် ဆွဲဆောင်နိုင်ရေးမှာ အလွန်အရေးကြီးပါသည်။ အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲများသည့် ကမ္ဘာအရပ်ရပ်မှ အပြေးပြိုင်ခြင်းအားကစားကို ချစ်မြတ်နိုးသူများကို အတူစုစည်းစေပြီး၊ ငြိမ်းချမ်းစွာ ယှဉ်ပြိုင်နိုင်ရေးနှင့် လူထုအတွက် အလွန်အရေးကြီးသော ကျန်းမာသည့် နေ့စဉ်လူမှုဘဝကို ဖော်ဆောင်လေ့ရှိပါသည်။ ကျွန်တော်တို့ဆန္ဒရှိ မျှော်လင့်သလို ဒီမာရသွန်ပွဲကြီးကို ပုံဖော်နိုင်ဖို့အတွက် ကျွန်တော်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအား ကျေးဇူးအထူးတင်ရမှာ ဖြစ်ပါတယ်။ ပိုမိုအောင်မြင်သော မာရသွန်အပြေးပြိုင်ပွဲကြီးဖြစ်စေနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကာ ကျင်းပသည့် ပွဲနေ့တွင် ပြိုင်ပွဲဝင်ပေါင်း လေးထောင်ထက်မက ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ မျှော်လင့်ထားပါတယ်”ဟု Yoma Strategic ၏ ဥက္ကဌ ဦးသိမ်းဝေ ခေါ် Mr.Serge Pun မှ ပြောကြားခဲ့ပါသည်။

YYMI 2015 ပြိုင်ပွဲအတွက်စာရင်းပေးသွင်းခြင်း

YYIM 2015 ပြိုင်ပွဲတွင် ပါဝင်လိုသူများသည် သြဂုတ်လ ၁၈ရက်နေ့မှ ဒီဇင်ဘာလ ၁၂ရက်နေ့အထိ စာရင်း ပေးသွင်းနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာမှ ပြိုင်ပွဲဝင်များအနေဖြင့် www.yomayangonmarathon.com တွင် စာရင်းပေးသွင်းနိုင်ပြီး ပြည်တွင်းမှ ပြိုင်ပွဲဝင်လိုသူများသည် FMI စင်တာ၊ အမှတ် (၃၀၈)၊ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင် လာရောက် စာရင်း ပေးသွင်းနိုင်ပါသည်။ စာရင်းပေးသွင်းရာတွင် ဦးစွာစာရင်းပေးသူများကို ဦးစားပေး စီစဉ် စာရင်းသွင်းမည် ဖြစ်ပါသဖြင့် စိတ်အခန့်မသင့်ရမှုများ မဖြစ်ပေါ်စေရန်အတွက် စောလျှင်စွာ စာရင်းပေးခြင်းအားဖြင့် ကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

YYIM 2015 ပြိုင်ပွဲ အမျိုးအစားများနှင့် စာရင်းပေးသွင်းခများကို အောက်ဖော်ပြပါ စာရင်းတွင်ကြည့်ရှု နိုင်ပါသည်။ ပြည်ပမှ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲဝင်များအနေဖြင့် သြဂုတ်လ ၁၈ရက်နေ့မှ အောက်တိုဘာ ၁၀ရက်နေ့အတွင်း စာရင်းပေးသွင်းခြင်းဖြင့် (Early Bird) အထူးနှုန်းကို ရရှိနိုင်ပါသည်။

Category

Full Marathon 42km

Local: 5,000 kyats

USD: Normal-55, Early Bird-44

Age- 16+

Half Marathon 21km

5,000 kyats

USD: Normal-45, Early Bird-36

Age- 16+

10km Challenge

5,000 kyats

USD: Normal-35, Early Bird-28

Age- 12+

5km/3km Fun Run/Walk

5,000 kyats

USD: Normal-25, Early Bird-18

Age- No Limit

၄၂.၁၉၅ ကီလိုမီတာ မာရသွန်ပြေးပွဲ အပြည့်နှင့် မာရသွန် တစ်ဝက်အပြေးပွဲ စသည့် ပြိုင်ပွဲများတွင် ပါဝင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် အသက် (၁၆)နှစ် ပြည့်ပြီးသူများ ဖြစ်ရမည် ဖြစ်ပါသည်။ ၁၀ ကီလိုမီတာအပြေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် အသက် (၁၂)နှစ် ပြည့်ပြီးသူများ ဖြစ်ရမည် ဖြစ်ပါသည်။ ၃ကီလိုမီတာ အပျော်တမ်း အပြေးပြိုင်ခြင်း၊လမ်းလျှောက်ခြင်း ပြိုင်ပွဲတွင်မူ အသက် ကန့်သတ်ထားခြင်း မရှိပါ။

အပြေးပြိုင်ပွဲ အားလုံး၏ စမှတ်နှင့် အဆုံးမှတ်များကို သုဝဏ္ဏအားကစားကွင်းအတွင်း သတ်မှတ်ထားပါသည်။ ပွဲစီစဉ်ကျင်းပသူများအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့်အတူ ၂၀၁၄ မာရသွန်ပြေးပွဲ အပေါ်အခြေခံပြီး အပြေးလမ်းကြောင်းများ တိုးတက်ကောင်းမွန်အောင် စီစဉ်လျှက်ရှိ်ပြီး ၂၀၁၅ ခုနှစ် YYIM အပြေးပြိုင်ပွဲအတွက် ပြေးလမ်းကြောင်းများကို ပြိုင်ပွဲနေ့ မတိုင်မီ ပြိုင်ပွဲအတွက်ပြုလုပ်ထားသည့် အင်တာနက် စာမျက်နှာ (www.yomayangonmarathon.com) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားသော နေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့ မှာလည်း မာရသွန်အပြေးလမ်းကြောင်းတွင် ပါဝင်သွားမည် ဖြစ်ပါသည်။

YYIM 2015 လူမှုကူညီထောက်ပံ့ရေး ပရဟိတ သံတမန်များ

YYIM 2015 ပြိုင်ပွဲတွင် လူမှုကူညီထောက်ပံ့ရေး ပရဟိတ လုပ်ငန်းများလည်း တစ်စိတ်တပိုင်း ပါဝင်လာမည် ဖြစ်ပြီး ပွဲအတွင်း လူမှုကူညီထောက်ပံ့ရေး ပရဟိတရေးရာ သံတမန်များမှတဆင့် ရန်ပုံငွေများရရှိစေနိုင်မည် ဖြစ်ပြီး ကူညီထောက်ပံ့မည့်နေရာအဖွဲ့အစည်းများအကြောင်းကိုလည်း လူအများ သတိထားလာမီစေမှာ ဖြစ်ပါသည်။ ယခုအချိန်တွင် လှုဒါန်းသွားမည့် အဖွဲ့အစည်းများ၏ အမည်ကို မထုတ်ပြန်သေးသော်လည်း မြန်မာနိုင်ငံရှိ ကလေးငယ်များအတွက် ကူညီထောက်ပံ့ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများအဓိက ပါဝင်ပါမည်။ယနေ့ ပြုလုပ်ကျင်းပသော YYIM ပွဲ အခမ်းအနားတွင် ရွေးချယ်ထားသည့် လူမှုကူညီထောက်ပံ့ရေး ပရဟိတ သံတမန်များကို မိတ်ဆက်ခဲ့ပြီး ၎င်းတို့မှာ မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်၊ လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသူ ရုပ်ရှင်မင်းသမီး ဒေါ်ဆွေဇင်ထိုက်၊ Strategy First Institute တည်ထောင်သူတစ်ဦးဖြစ်ပြီး ACK & Co Service Company ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ချစ်ခင်၊ Me N Ma မိန်းကလေးအုပ်စုမှ အဆိုရှင် လုံဆစ် ဂျမွန်း (အမွန်း) နှင့် မော်ဒယ်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည့် ဝါဆိုမိုးဦး တို့ ဖြစ်ပါသည်။

YYIM 2015 ကို စီစဉ်သူများအနေဖြင့် မာရသွန်ပြိုင်ပွဲတွင် ပါဝင်မည့်သူများအား တိုက်တွန်းလိုသည်မှာ လှုဒါန်းသွားမည့် အဖွဲ့အစည်းများအတွက် တစ်ကိုယ်ရေ လှုဒါန်းခြင်းဖြင့်လည်း ပါဝင်နိုင်ပါသည်။ ရွေးချယ်ထားသည့် ကူညီထောက်ပံ့မည့် အဖွဲ့အစည်းများအကြောင်းနှင့် ပရဟိတ သံတမန်များနှင့်အတူ မည်ကဲ့သို့ ပူးပေါင်း ပါဝင်နိုင်မည့် အကြောင်းအရာတို့ကို ပြည်သူလူထု၏ စိတ်ပါဝင်စားမှုအပေါ်ကိုမှုတည်ပြီး မကြာခင်ကာလအတွင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

YYIM 2014 ပြန်လည်တင်ပြချက်

ယခုနောက်ဆုံးအကြိမ်တွင် ကျင်းပပြုလုပ်ခဲ့သော အပြေးပြိုင်ပွဲတွင် ၄၂ကီလိုမီတာ အမျိုးသား မာရသွန်အပြည့်အပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Mr. Joseh Gitau Kariuki က ပြေးချိန် ၂နာရီ ၃၅မိနစ် ၄၉ စက္ကန့်တွင် ပန်းဝင်ခဲ့ကာ အနိုင်ရရှိခဲ့သည်။ မြန်မာပြည်မှ မမြင့်မြင့်အေးက ၄၂ကီလိုမီတာ အမျိုးသမီး မာရသွန်အပြည့်အပြေးပြိုင်ပွဲတွင် ၃နာရီ တစ်မိနစ် ၁၃ စက္ကန့် တွင် ပန်းဝင်ကာ အနိုင်ရခဲ့သည်။ မာရသွန် ပြေးပွဲတစ်ဝက်ဖြစ်သည့် ၂၁ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားနှစ်ဦးအနိုင်ရပြီး အမျိုးသားပြိုင်ပွဲမှ Mr. Paul Kiani Wambui ( စံချိန် ၁နာရီ ရမိနစ် ၂၈ စက္ကန့်) ၊ အမျိုးသမီး ပြိုင်ပွဲတွင် Ms. Mary Wangui Kiguru ( စံချိန် ၁နာရီ ၂၅မိနစ် ၃၁ စက္ကန့်) တွင် ပန်းဝင်ခဲ့ကာ အနိုင်ရခဲ့ကြသည်။

YYIM 2015 ခုနှစ်၏ စပွန်ဆာများကို လာမည့်လများတွင် ကြေငြာသွားမည် ဖြစ်ပါသည်။ YYIM 2015 စပွန်ဆာ အဖြစ် စိတ်ပါဝင်စားသူများနှင့် ပြိုင်ပွဲအား အထောက်အပံ့ပေးလိုသူများသည် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

YYIM 2015 နှင့်ပါတ်သတ်ပြီး ပိုမိုသိရှိလိုပါက Facebook စာမျက်နှာ https://www.facebook.com/YomaYangonInternationalMarathon တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *