News

Xiaomi ရဲ့ Octa-Core Redmi Note Phone လာမည်

မကြာမီ က သတင်းထွက်ပေါ်ခဲ့တဲ့ Redmi Phone ကို မျှော်လင့်ထားတဲ့ ရက်ထက် စောစီးစွာ မြင်တွေ့ရဖို့ ရှိနေပါတယ်။ Redmi Note လို့ အမည်ပေးထားတဲ့အတွက် ကညစ်တံပါတဲ့ တရုတ်ဖုန်း ဖြစ်လာမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ Xiaomi က နောက်ထွက်လာမယ့် ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အနည်းငယ် ကို ဓာတ်ပုံတစ်ခု ထုတ်ပြန်ပြီး အရိပ်အမြွက်ပြောကြားထားပါတယ်။ ဓာတ်ပုံထဲက သတင်းအချက်အလက်အရ ၅.၅ လက်မ 720p Display တပ်ဆင်ထားမှာဖြစ်ပါတယ်။ 1.4GHz ဒါမှမဟုတ် 1.7GHz Octa-Core Processor မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ ဈေးနှုန်း ကို မပြောပြထားပေမယ့် လက်ရှိရောင်းချနေတဲ့ Redmi ဖုန်း ရဲ့ ဈေးနှုန်း ဖြစ်တဲ့ ဒေါ်လာ ၁၁၀ နဲ့ MI2 ရဲ့ ဈေးနှုန်း ဖြစ်တဲ့ ဒေါ်လာ ၂၄၀ ကြားမှာ ရောင်းချမယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။ အဲဒီအတွက် ဒေါ်လာ ၁၆၀ ၀န်းကျင်နဲ့ ရောင်းချမှာဖြစ်ပါတယ်။ တရုတ်မှာနေထိုင်သူများ က မတ်လ (၁၉) ရက်နေ့မှာ Tencent ရဲ့ Qzone App ကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ အခြားဘယ်နိုင်ငံများမှာ ရောင်းချမလဲဆိုတာ မသိရသေးပါဘူး။

Redmi Note Phone ရဲ့ အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ 1GB RAM , Android 4.2.2 တို့ကို အသုံးပြုမှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ TENAA ၀က်ဆိုက်မှာ တော့ 8 Megapixel Camera တပ်ဆင်ထားမယ်လို့ ရေးသားထားပါတယ်။ 32GB အထိ၀င်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ဖက်တွေ ဖြစ်တဲ့ Huawei, Coolpad, Hisense တို့ကို ယှဉ်ပြိုင်ဖို့ LTE စွမ်းဆောင်ချက် မပါဘူးလို့ သိရပါတယ်။ ပြိုင်ဖက် တွေ က LTE Phone တွေကို ဒေါ်လာ (၁၃၀) ၀န်းကျင်နဲ့ တရုတ် ပြည်မှာ ရောင်းချပေးနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *