News

ခင်ပွန်းသည် အိမ်အပြန်မှာ အံ့သြသွားအောင် ပေါင် တစ်ရာ ဝိတ်ချခဲ့တဲ့ အမျိုးသမီး

Larry Shaffer ဆိုတဲ့ အမျိုးသား ဟာ အာဖဂန်နစ္စတန် စစ်မြေပြင်ကို ထွက်ခွာချိန်မှာ သူ့ရဲ့ အမျိုးသမီး ဖြစ်သူ Misty ဟာ ကိုယ်အလေးချိန် ပေါင် (၂၆၀) ရှိပါတယ်။ တစ်နှစ်အကြာ စစ်မြေပြင်က ပြန်လာချိန်မှာတော့ အမျိုးသမီး ဟာ လှပကြော့ရှင်းတဲ့ ခန္တာကိုယ် ကို ပိုင်ဆိုင်နေတာ ကို အံ့သြစွာ တွေ့လိုက်ရပါတော့တယ်။ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး က ခင်ပွန်းသည် ကို လေဆိပ်မှာ သွားကြိုခဲ့တာဖြစ်ပါတယ်။

အမျိုးသား က အလွန်အံ့သြပြီး “Wow” လို့တောင် အသံထွက်သွားပါတယ်။

Misty Shaffer က သူ့ခင်ပွန်းသည် ကို အံ့သြစေဖို့နဲ့ ကျန်းမာတဲ့ ခန္တာကိုယ် ကို ပိုင်ဆိုင်ဖို့အတွက် ဝိတ်ချခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။ ညတစ်ည မှာ အိပ်ယာပေါ်မှာ ထိုင်နေရင်း အဲဒီ စိတ်ကူး ရခဲ့တာဖြစ်တယ်လို့ အမျိုးသမီး က ပြောပါတယ်။ ပြီးတော့ ငါလုပ်နိုင်တယ်လို့ စိတ်ဆုံးဖြတ်ပြီး ဖြစ်အောင်လုပ်ခဲ့တာပါ လို့ ပြောပြပါတယ်။

အမျိုးသမီး ရဲ့ ဝိတ်မချမီ နဲ့ ဝိတ်ချပြီး ကွာခြားသွားပုံ ကို အောက်က လင့် ကနေတစ်ဆင့် Time ရဲ့ ၀က်ဆိုက်မှာ ကြည့်နိုင်ပါတယ်။

http://ti.me/1iZWUbw

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “ခင်ပွန်းသည် အိမ်အပြန်မှာ အံ့သြသွားအောင် ပေါင် တစ်ရာ ဝိတ်ချခဲ့တဲ့ အမျိုးသမီး

  1. Tin Tin Moe says:

    ဘာဖေင့်လဲဟင် ဖတ်လို့မရဘူး

Leave a Reply

Your email address will not be published. Required fields are marked *