အမေရိကန် အစိုးရရဲ့ အိမ်ဖြူတော်က အစိုးရ၀က်ဆိုက်များ ပိုမိုကောင်းမွန်စေဖို့ တနင်္လာနေ့မှာ နည်းပညာအဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တိုက်ခိုက်ခံခဲ့ရတဲ့ တန်ဖိုးနည်းကားများအတွက် ဥပဒေ၀က်ဆိုက်လို နောက်ထပ် မဖြစ်အောင် အမေရိကန် နည်းပညာ အဆောက်အဦးကို အဆင့်မြှင့်လိုက်တာ ဖြစ်ပါတယ်။
ရီပတ်ပလီကန် အမတ်တွေက လာမယ့် အမတ်ရွေးကောက်ပွဲမှာ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒအပေါ်မှာ လက်မှတ်ရေးထိုးခဲ့မှုကို အပြစ်တင် ပြောကြားတော့မယ့် အချိန်မှာ နည်းပညာအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့် အောက်တိုဘာလ တစ်ရက်နေ့မှာ ဖွင့်လှစ်မယ့် Healthcare.gov၀က်ဆိုက်ကို ကာကွယ်ဖို့လည်း ဖြစ်ပါတယ်။
အဖွဲ့မှာ နည်းပညာကျွမ်းကျင်သူ ခုနစ်ယောက်ကနေ ဆယ်ယောက်အထိ ပါ၀င်မှာ ဖြစ်ပါတယ်။ အဖွဲ့ကို US Digital Serviceလို့ အမည်ပေးထားပြီး အရင် Google Website Managerဖြစ်သူနဲ့ ဒီဇင်ဘာလမှာ ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ ပြည်ထောင်စု ကျန်းမာရေး စောင့်ရှောက်မှု ၀က်ဆိုက်ကို ပြုပြင်ခဲ့တဲ့ အဖွဲ့၀င် တစ်ယောက်ဖြစ်တဲ့ Mikey Dickersonပါ၀င်ပါတယ်။
Dickersonဟာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့မှာလည်း အလုပ်လုပ်ခဲ့ဖူးပြီး သမ္မတအိုဘားမားရဲ့ ၂၀၁၂ ခုနှစ် ပြန်လည်ရွေးကောက်ပွဲမှာ ပါတီရဲ့ တီဗီကြော်ညာတွေကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။
နောက်နှစ် ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာသန်းနှစ်ဆယ် တောင်းခံထားပြီး အဖွဲ့၀င် ၂၅ ယောက်အထိ တိုးချဲ့နိုင်မယ်လို့ မျှော်လင့်ထားတဲ့ အဖွဲ့သစ်ဟာ irs.gov, recreation.govတို့လို အမေရိကန်ပြည်ထောင်စုရဲ့ ၀က်ဆိုက်များကို ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး ကျန်းမာရေး ၀န်ဆောင်မှု ၀က်ဆိုက်ရဲ့ ပြဿနာများကို ဖြေရှင်းပေးဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
အဖွဲ့သစ်ဟာ ဥပဒေများကို သိတဲ့ အမေရိကန် အစိုးရရဲ့ ၀န်ထမ်းများကိုလည်း အလှည့်ကျ အဖွဲ့၀င် အဖြစ် ထည့်သွင်းဖို့လည်း စီစဉ်နေပါတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သတင်းအချက်အလက် ထုတ်ပြန်ရေး ဌာနမှ အရာရှိချုပ်ဖြစ်သူ Steven VanRoekelက ပြောပါတယ်။