SP/ Silicon Power မှအသစ်ထွက်ရှိလာတဲ့ Taiwan Brand, Shockproof နည်းပညာသုံး USB 3.0 portable hard drive Armor A30 ဖြစ်ပါသည်။ Armor A30 hard drive ရဲ့ ထူးခြားချက်ကတော့ HDD ရဲ့ မျက်နှာပြင်ပေါ်မှာ hexagonal pattern ပုံစံနဲ့ cover ပြုလုပ်ထားပြီး ထူးခြားတဲ့ design ပုံစံမျိုးဖြစ်အောင် HDD ရဲ့ ဘေးအပြင်ပတ်လည်တွင် ကြိုးသွားရာလမ်းကြောင်း ပုံစံထွင်းထားတဲ့ ပုံသဏ္ဍာန်ပြုလုပ်ထားပါသည်။ USB 3.0 ပါဝင်တဲ့အတွက် USB 2.0 ထက် data တွေ transfer ပြုလုပ်ရာမှာ 10 ဆပိုမိုမြန်ဆန်စေပါသည်။ ထို့အပြင် အမြင့်122cm မှပြုတ်ကျခဲ့ရင် ခံနိုင်ရည်ရှိစေမယ့် နည်းပညာ shock – resistant ကို လည်းထည့်သွင်း အသုံးပြုပေးထားပါသည်။ Armor A30 ကို 500GB, 1TB and 2TB အထိ ရရှိ နိုင်ပြီဖြစ်ပါသည်။ Armor series တွင် SP Widget download software, providing 7 major back up and security tools ပါရှိပြီး warranty အားဖြင့် 2 years ပေးထားပါသည်။ အကြမ်းခံတဲ့ design ၊ ထူးခြားဆန်းသစ်တဲ့ ပုံသဏ္ဍာန် ၊ လှပသေသပ်မူတွေနဲ့ ပေါင်းစပ်ထားတဲ့ Armor A30 ကို 500GB=57$,1TB=74$,2TB=123$ ဖြင့် Golden Power Technology ,ph: 01-230-4848~52 နှင့် ကွန်ပျူ တာ ဆိုင်များအများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။
Ultimate Protection in Armor A30

01
Jan