Tesla နဲ့ Wireless Carrier တစ်ခုဖြစ်တဲ့ Telefonica တို့ ပူးပေါင်းပြီး ဗြိတိန် ၊ ဂျာမနီ၊ နယ်သာလန် ၊ စပိန် တို့တွင် Tesla ကားများ ကို Wireless Connection ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။ ဒါဟာ Tesla အတွက် ဥရောပ မှာ Wireless Connection ထောက်ပံ့ဖို့ ပူးပေါင်းလုပ်ကိုင်တဲ့ ပထမဆုံး Carrier မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် နို၀င်ဘာလ မှာ Tesla နဲ့ Telia Sonera တို့ ပူးပေါင်းပြီး ဆွီဒင် ၊ ဒိန်းမတ် ၊ ဖင်လန် ၊ အက်စတိုးနီးယား ၊ လတ်ဗီးယား တို့မှာ Tesla ကားများ ကို Wireless Connection ထောက်ပံ့ပေးဖို့ ကြေညာခဲ့ကြပါတယ်။
ဒါပေမယ့် Telefonica က အင်တာနက် ဖြန့်ကျက်ပေးနိုင်တဲ့ နယ်ပယ် အရ ရော စားသုံးသူအရ ပါ အကြီးမားဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ Tesla က Telefonica ကို ဒေါ်လာ သန်းနဲ့ချီပေးရတယ်လို့ ပြောပေမယ့် အတိအကျ ကြေညာခြင်း မရှိပါဘူး။
Tesla က ဒီနှစ် ဇန်နဝါရီလ မှာ AT&T နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။ အဲဒီနောက်မှာ Telefonica နဲ့ ပူးပေါင်းတာဖြစ်ပါတယ်။
Amazon ရဲ့ Kindle Service လို မဟုတ်ဘဲ Tesla ကားတွေကို ၀ယ်ရင် Wireless Connection ၀န်ဆောင်ခ ပါပြီးဖြစ်တဲ့ အတွက် Wireless Connection ကို သီးခြား ၀ယ်ယူအသုံးပြုစရာမလိုတော့ပါဘူး။ ကားများမှာ အင်တာနက် ဆက်သွယ်မှု ရရှိတဲ့အတွက် တည်နေရာ ညွှန်ပြခြင်း၊ သီချင်းနားထောင်ခြင်း၊ အင်တာနက် ကြည့်ခြင်း နဲ့ ကားရဲ့ အခြေအနေ ကို အဝေးမှ ကြည့်ခြင်း တို့ ပြုလုပ်နိုင်ပါတယ်။
“ အင်တာနက် ဆက်သွယ်နိုင်တဲ့ Connected Car များဟာ ယာဉ်မောင်းသူတွေကို သတင်းအချက်အလက် နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Tesla က ကမ္ဘာပေါ်မှာ အမြော်အမြင် အရှိဆုံး စီးပွားရေးလုပ်ငန်းစု ဖြစ်ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းပြီး ဥရောပ မှာ ရှိတဲ့ Tesla ကားများ မောင်းနှင်သူတွေကို ထူးခြားတဲ့ အတွေ့အကြုံတွေ ပေးမှာ ဖြစ်ပါတယ်။ “ လို့ Telefonica ရဲ့ CEO ဖြစ်သူ Jose Luis Gamo က ပြောပါတယ်။
Connected Car တွေဟာ အခုလောလောဆယ်မှာတော့ အနည်းငယ်သာ ရှိပါသေးတယ်။ Tesla ရဲ့ Electric Car တွေဟာ လည်း အသုံးပြုသူအနည်းငယ်သာ ရှိနေပေမယ့် တစ်ဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ Telefonica က အခုလောလောဆယ်မှာ ကားအားလုံးရဲ့ ဆယ်ရာခိုင်နှုန်း သာ အင်တာနက် ချိတ်ဆက်နိုင်ကြပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ကိုးဆယ်ရာခိုင်နှုန်း အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။