စင်ကာပူနိုင်ငံရှိ Singapore Institute of Management (SIM) သို့ တက်ရောက်ရန် လိုသူကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် April လဆန်းပိုင်းတွင် ကျောင်းနောက်ဆုံး လျှောက်ထားရ မည် ဖြစ်သဖြင့် STUDY ABROAD မှ တဆင့် အမြန်ဆုံး ကျောင်းလျှောက်ထား နိုင်ကြောင်း သိရှိရပါသည်။ ယခု July လ ကျောင်းဖွင့်ချိန် အတွက် ဝင်ခွင့်အမှတ်လိုအပ်သူ မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသားတို့ အတွက် စီစဉ်ပေးလိုက်သည့် Foundation တန်းကို လည်း တခါတည်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
SIM မှာ စင်ကာပူနိုင်ငံတွင် စီးပွားရေး ဘာသာရပ်များအတွက် အထူးပင် နာမည်ကျော်ကြားလှသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ SIM တွင်တက်ရောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် Diploma in Management Studies (DMS) ကို (၁၈) လ တက်ရောက်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီများကို ဆက်လက်ရယူနိုင်မည် ဖြစ်ပါသည်။ အဆိုပါ Diploma ဝင်ခွင့်အတွက် မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသားတို့ တက်ရောက်လိိုပါက (၅) ဘာသာပျမ်းမျှ အမှတ် (၇၀%) ရှိရန် သတ်မှတ်ထားပါသည်။ ယခုကျောင်းဖွင့်ချိန် အတွက် ဝင်ခွင့်အမှတ် (၇၀%) မပြည့်မှီဘဲ (၆၀%) ရှိသည့် ကျောင်းသူ၊ ကျောင်းသားတို့အတွက် Management Foundation Studies ကို အရင်တက်ပြီး Diploma တန်းကို ဝင်ခွင့်ပေးလိ်ုက်ပြီ ဖြစ်ပါသည်။
SIM ၏ Management Foundation Studies ဘာသာရပ်အတွက် (၆) လ တက်ရောက်ရမည် ဖြစ်ပါသည်။ Diploma in Management ဘာသာရပ် အတွက် (၁၈) လတက်ရောက်ရမည် ဖြစ်ပါသည်။ ဘွဲ့ဒီဂရီများ အဖြစ် Australia နိုင်ငံရှိ RMIT University, University of Wollongong, UK ရှိ University of Sheffield, University of Birmingham, University of London, University of Stirling, USA ရှိ The State University of New York , Switzerland ရှိ IMI International Hotel Management Institute တို့မှ ပေးအပ်မည့် ဒီဂရီများကို ရယူနိုင်မည် ဖြစ်ပါသည်။
ကျောင်းလျှောက်လိုသည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် အသေးစိတ်သိရှိလိုပါက – Best Improving Agent Award ရရှိထားသည့် STUDY ABROAD INFORMATION CENTRE တိုက်(အေ)၊ (၁၁)လွှာ၊ အခန်းအမှတ် (၁၁၀၃)၊ ဒိုင်းမွန်းကွန်ဒို၊ (မေတ္တာဦးဆေးခန်းအနီး)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ဝ၉ ၅၁၅၁ ဝ၀၈၊ ဝ၉ ၇၃ ၂၄၂၄ ဝ၄ သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပြီ ဖြစ်ပါသည်။