Apps, Review

သီချင်းလေးဆိုပြီး အိပ်ရာမှ နှိုးထကြရအောင်

နှိုးစက်နာရီတွေ အများကြီးပါ။ လက်တံကို လက်နဲ့လှည့်ပေးပြီး နှိုးစက်ကို ချိန်မလား၊ ဒစ်ဂျစ်တယ်နည်းနဲ့ အချိန်ကို ရွှေ့ပြီး နှိုးစက်ချိန် မလား။ ဒီလို နှိုးစက်တွေနဲ့ မတူဘဲ ကွန်ပျူတာထဲကနေ သင် လိုအပ်တဲ့ အချိန်မှာ အတိအကျ နှိုးပေးမယ့် နာရီက ပိုပြီး ကောင်းမယ်ထင်လို့ မိတ်ဆက်ပေးလိုပါတယ်။ Lux Aeterna Software (www.lux-aeterna.com) က ထုတ်လုပ်ပေးတဲ့ Speaking Clock Deluxe သည် ကွန်ပျူတာ desktop ပေါ်က နာရီဆိုတာထက် နှိုး စက်ကို အသားပေးထားပုံက နှစ်သက်စရာပါ။ နှိုးဖို့ အချိန်သတ်မှတ်ပေးပြီး နှိုးရမယ့် တေးက Endless Love.wav နဲ့ဖြစ်ပါတယ်။ လက်တွေ့လည်း အတိအကျ နှိုးပေးတာကို တွေ့ရပါ တယ်။

Speaking Clock Deluxe သည် တကယ်ပဲ အံ့သြဖွယ် ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဘာသာရပ် ၃၀ ကျော်နဲ့ အသုံး ပြုနိုင်ပါတယ်။ ကိုယ်ပိုင် အသံသွင်းထားပြီး alarm အဖြစ် သုံးနိုင်ပါ တယ်။ ဖိုင်အရွယ်အစား 3.607MB နဲ့ ရက် ၃၀ အခမဲ့ စမ်းသပ်သုံးခွင့်ပြုပေးထားပါတယ်။ အပြည့်အဝ သုံးချင်ရင်တော့ ဝယ်ယူသုံးစွဲ နိုင်ပါတယ်ရှင်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *