ဗြိတိသျှကောင်စီ မှ စီစဉ်တင်ဆက်မည်ဖြစ်သည့် ( SOUNDS OF THE WORLD – Classical Music Recital @ the National Theatre of Yangon ) ဂန္တဝင်ဂီတဖြေဖျော်ပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ည၇နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင်ပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပွဲတွင် Live4Music ဂီတ အဖွဲ့မှ Sebastian See-Schierenberg (တယော)၊ Kyoko Koyama (စန္ဒရား)၊ Yunosuke Yamamoto (တယောကြီး) နှင့် Susana Galván (အစီအစဉ်တင်ဆက်သူ) တို့ပါဝင်တင်ဆက် ကြမည် ဖြစ်သည်။ ကမ္ဘာတလွှားမှ ဂီတပညာရှင်များဖြစ်သည့် Chopin, Gershwin, Albeniz, Bach, Piazzolla အစရှိသူများ၏ ဂီတသံစဉ်များကို တီးမှုတ်ဖျော်ဖြေကြမည်ဖြစ်ပြီး အစီအစဉ် တင်ဆက်သူ Susana Galván (ဗြိတိသျှကောင်စီ မြန်မာ၏ ပညာရေးဌာန ညွှန်ကြားရေးမှူး) မှ တေးဘွဲ့တစ်ပုဒ်ခြင်း၏ နောက်ခံဇာတ်လမ်း၊ ဂီတစာဆိုတို့၏ဘဝဇာတ်ကြောင်း အစရှိသည် သိမှတ်ဖွယ်ရာတို့ကို မိတ်ဆက်ပေးပြောကြားသွားမည် ဖြစ်သည်။
အဆိုပါ ဂန္တဝင်ဂီတဖြေဖျော်ပွဲသို့ စိတ်ပါဝင်စားသူတိုင်းအခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး စာရင်းပေးရန်/ လက်မှတ်စသည်တို့ လိုအပ်ခြင်းမရှိပါ။