News

Sony Xperia M2 ကို နယ်သာလန် နိုင်ငံမှာ ယူရို (၂၈၉) ဖြင့် ရောင်းမည်

မကြာမီက ထုတ်ဖော်ပြသခဲ့တဲ့ Sony Xperia M2 ရဲ့ဈေးနှုန်းကို နယ်သာလန်နိုင်ငံမှာ ကြေညာလိုက်ပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ်အဆင့်ရှိတဲ့ ဖုန်းဖြစ်ပြီး ယူရို 289 ဖြင့် Apirl တွင် ရောင်းချမှာ ဖြစ်ပါတယ်။

Multimedia များကို အခမဲ့ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Sony Picture Movies များပါရှိမှာ ဖြစ်ပြီး သီချင်းအပုဒ်ရေ (၂၅)သန်းရှိတဲ့ Music Unlimited ကို တစ်လကြာ အခမဲ့ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Sony Xperia M2 တွင် ၄.၈ လက်မ TFT Display တပ်ဆင်ထားပြီး 540×960 Pixel Resolution ပါရှိပါတယ်။ Snapdragon 400 Chipset ပေါ်တွင် Quad-Core 1.2GHz Cortex-A7 Processor တပ်ဆင်ထားပြီး 305 GPU ပါရှိပါတယ်။ 1GB RAM ပါရှိပြီး Internal Storage 8GB ပါရှိပါတယ်။ microSD ကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

အဆိုပါ Sony Xperia M2 တွင် Sony ရဲ့ Exmor RS Sensor ပါတဲ့ 8MP ကင်မရာတပ်ဆင်ထားပါတယ်။ 1080p အရည်အသွေး ရှိတဲ့ ဗွီဒီယိုများ ရိုက်ကူးနိုင်တဲ့ LED flash ပါရှိပါတယ်။ Andriod 4.3 Jelly Bean ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး မကြာမီမှာ Andriod 4.4 KitKat ကို Update ရရှိမှာ ဖြစ်ပါတယ်။ Sony ရဲ့ စွမ်းဆောင်ရည်မြင့် Andriod Smartphone နဲ့ဒီဇိုင်းချင်း ဆင်တူတာကို တွေ့ရပါတယ်။ Sony Xperia M2 ကို တစ်ကမ္ဘာလုံးကို ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *