News

ဆယ်နှစ်ကြာ အသုံးခံတဲ့ Samsung ရဲ့ ပထမဆုံးစမတ်မီးသီးများ

ပြိုင်ဖက် LG က စမတ်မီးသီးများ ထုတ်လုပ်နေတာ ကို ပြိုင်ဆိုင်ဖို့ Samsung က စမတ်မီးသီးအသစ်များ ကို ထုတ်ဖော်ပြသလိုက်ပြီး သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်သလို စွမ်းအင်ကောင်းမွန်မယ်လို့ ပြောဆိုပါတယ်။ စမတ်မီးသီးများ ကို အခန်းအနေအထားပေါ်မူတည်ပြီး ကောင်းမွန်စွာ မီးအလင်းပေးနိုင်ဖို့ ပုံစံမျိုးစုံထုတ်လုပ်ပေးထားပါတယ်။ Samsung က မော်ဒယ်အသစ်များဟာ PAR အမျိုးအစားများ အပါအ၀င် အရင်ထုတ်လုပ်ခဲ့တဲ့ စမတ်မီးသီးများထက် ပိုမို အလင်းပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

စမတ်မီးသီးများမှာ Bluetooth နည်းပညာပါရှိပါတယ်။ Bluetooth ကို အသုံးပြုခြင်းဖြင့် မီးသီးများ ကို ထိန်းချုပ်ဖို့ WiFi Network မလိုအပ်တော့ပါဘူး။ ပြိုင်ဖက် Philips Hue က WiFi မီးသီးများ ကို ထုတ်လုပ်နေပြီး LG က WiFi/Bluetooth နှစ်မျိုးသုံး မီးသီးများ ကို ထုတ်လုပ်နေပါတယ်။ စမတ်ဖုန်း နဲ့ တက်ဘလက်များမှာ App ကို ထည့်သွင်းပြီး Samsung ရဲ့ စမတ်မီးသီး (၆၄) လုံး ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပါတယ်။

စမတ်မီးသီးများ ရဲ့ အလင်းရောင် ကို ဆယ်ရာခိုင်နှုန်း အထိ လျှော့ချနိုင်ပါတယ်။ မီးသီးတစ်လုံး ကို နာရီပေါင်း (၁၅၀၀၀) သို့မဟုတ် ဆယ်နှစ်ကြာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Samsung က စမတ်မီးသီးများ ရဲ့ ဈေးနှုန်း ကို ကြေညာခြင်း မရှိသေးပါဘူး။ LG က သူ့ရဲ့ စမတ်မီးသီးများ ကို (၃၂) ဒေါ်လာ နဲ့ ရောင်းချပေးနေပါတယ်။ Samsung က လည်း အဲဒီ ဈေးနှုန်း ၀န်းကျင်နဲ့ ရောင်းချပေးမယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။

2

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *