News

Samsung Gear Fit နဲ့ Gear 2 Neo တို့ကို ရောင်းပြီ

Samsung က Tizen OS မောင်းနှင်လည်ပတ်တဲ့ Gear Fit စမတ်လက်ပတ် နဲ့ Gear 2 Neo စမတ်နာရီ တို့ကို ဗြိတိန် မှာ ရောင်းချပေးလိုက်ပါပြီ။ အွန်လိုင်းအရောင်းဆိုင် Unlocked Mobiles မှာ အနက်ရောင် Gear Fit နဲ့ Gear 2 Neo တို့ကို အကန့်အသတ် နဲ့ ရောင်းချပေးနေပြီး နှစ်မျိုးစလုံး ကို စတာလင်ပေါင် (၁၇၉.၉၈) နဲ့ ရောင်းချပေးနေပါတယ်။

Samsung Gear Fit မှာ ၁.၈၅ လက်မ AMOLED မျက်နှာပြင်ကွေး ကို တပ်ဆင်ထားပြီး ရေစိုခံနိုင်ပါတယ်။ နှလုံးခုန်နှုန်း ကို တိုင်းတာပေးနိုင်တဲ့ Sensor ပါရှိပြီး ဘက်ထရီ သက်တမ်း မှာ သုံးရက်ကနေ လေးရက် အသုံးခံပါတယ်။

အခြား Fitness Tracker တွေနဲ့ နှိုင်းယှဉ်ရင် Samsung Gear Fit ဟာ အနည်းငယ်ဈေးကြီးတယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။ Nike FuelBand SE, Fitbit Force, Jawbone Up24 တို့ရဲ့ ဈေးဟာ စတာလင်ပေါင် (၁၀၀) ကနေ (၁၃၀) အတွင်းမှာသာ ရှိပါတယ်။

Gear 2 Neo စမတ်နာရီ မှာ ၁.၆၃ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 1GHz Dual-Core Processor မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ Internal Storage မှာ 4GB ပါရှိပါတယ်။ IR Blaster ပါရှိပြီး တီဗီတွေကို ထိန်းချုပ်နိုင်တဲ့ Remote Control အဖြစ် အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ သက်တမ်း မှာ ခြောက်ရက်ကြာ အသုံးခံပါတယ်။

အခြား အရောင်းဆိုင်များမှာတော့ ဧပြီ ဒါမှမဟုတ် မေလ ထဲမှာ ရောင်းချမယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *