News

Samsung က Galaxy S3 Slim ကို ဘရာဇီးတွင် ရောင်းချ

Samsung က Galaxy S3 Slim ကို ဘရာဇီးတွင် ရောင်းချပေးလိုက်ပါတယ်။ Galaxy S3 Slim တွင် Android 4.2 ကို အသုံးပြုထားပြီး ၄.၅ လက်မ 960×540 qHD Display တပ်ဆင်ထားပါတယ်။ 8GB Internal Storage နဲ့ 1GB RAM ပါရှိပါတယ်။ 1.2GHz Quad-Core Processor မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ VGA Camera တပ်ဆင်ထားပါတယ်။ အနက်ရောင် နဲ့ အဖြူရောင် နှစ်မျိုးထုတ်လုပ်ထားပါတယ်။

Specifications များသာ သိရှိရသေးပြီး ဈေးနှုန်း ကို မသိရသေးပါဘူး။ Samsung ရဲ့ ဘရာဇီး၀က်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပေမယ့် အခြား ဖွံ့ဖြိုးဆဲနိုင်ငံများမှာလည်း ရောင်းချမယ်လို့မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *