News

ကမ္ဘာကျော် ဒုတိယကမ္ဘာစစ် အနမ်း ဓာတ်ပုံထဲက သင်္ဘောသား အသက် (၈၆) နှစ် အရွယ်မှာ သေဆုံး

ဒုတိယ ကမ္ဘာစစ် ပြီးဆုံးတဲ့နေ့မှာ Glenn McDuffie ရဲ့ အသက်ဟာ (၁၈) နှစ်ပြည့်ခဲ့ပါတယ်။ McDuffie ဟာ အဲဒီအချိန်မှာ New York ရှိ Times Square မှာ ရောက်ရှိနေပြီး ဒုတိယ ကမ္ဘာစစ် ပြီးပြီဆိုတဲ့ သတင်း ကြားရော အနီးအနား က သူနာပြုဆရာမ တစ်ယောက် ကို ပျော်လွန်းအားကြီးပြီး ဖက်နမ်း ခဲ့ ပါတယ်။ ဓာတ်ပုံဆရာ Alfred Eisenstaedt က နမ်းနေတဲ့ပုံ ကို အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ၁၉၄၅ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ ကို Victory over Japan (V-J Day ) လို့ ခေါ်ဆိုခဲ့ကြပါတယ်။

McDuffie ဟာ ၂၀၁၄ ခုနှစ် မတ်လ ကိုးရက်နေ့မှာ Dallas မြို့မှာ ကွယ်လွန်ခဲ့ပါပြီ။

Eisenstaedt ဟာ သင်္ဘောသား နဲ့ သူနာပြုဆရာမ နာမည် ကို မေးမြန်းခြင်းမရှိခဲ့တဲ့အတွက် ကမ္ဘာကျော် ဓာတ်ပုံထဲက လူနှစ်ဦး ကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကမ္ဘာက နှစ်အတော်ကြာ မသိခဲ့ပါဘူး။ ၁၉၈၀ ခုနှစ်မှာ ကျောင်းဆရာမ Edith Shain က ဓာတ်ပုံထဲက သူနာပြုဆရာမ ဟာ သူဖြစ်ပါတယ်လို့ Life Magazine ကို သတင်းပေးခဲ့ပါတယ်။ Eisenstaedt က သူမ ကို တွေ့ဆုံခဲ့ပြီး ဓာတ်ပုံထဲက သူနာပြုဆရာမ ဟာ သူမ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ အမျိုးသားအများစု က ဓာတ်ပုံထဲက လူဟာ သူတို့ဖြစ်ကြောင်း ပြောဆိုခဲ့ကြပေမယ့် McDuffie ဟာ ဓာတ်ပုံထဲက လူဖြစ်ကြောင်း ကျွမ်းကျင်သူများ က ၂၀၀၇ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။

McDuffie ဟာ ပရော်ဖက်ရှင်နယ် ဘက်စကတ်ဘောကစားသမား အဖြစ် အသက်မွေးခဲ့ပြီးနောက်မှာ စာပို့သူအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူ့ကို Dallas-Fort Worth National Cemetery မှာ အသုဘချမယ်လို့ သိရပါတယ်။

2

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *