News

ရန်ကုန်တွင် ပြုလုပ်မည့် အာရှ နှင့် အမေရိကန်တွင် ”စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုများ” East-West Center အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံသို့ စာနယ်ဇင်းမီဒီယာများ တက်ရောက်သတင်းယူနိုင်

ရန်ကုန်မြို့တွင် ပြုလုပ်မည့် East-West Center (EWC) မှ စီစဉ်သော အာရှနှင့် အမေရိကန်တွင် “စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာညီလာခံသို့ စာနယ်ဇင်းမီဒီယာများ တက်ရောက် သတင်းယူနိုင်ရန် ဖိတ်ကြားလိုပါသည်။ အဆိုပါညီလာခံကို မတ်လ ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

သတင်းနှင့်မီဒီယာကိစ္စရပ်များအတွက် ဆွေးနွေးဟောပြောမည့်သူပေါင်း ၅၀ကျော် နှင့် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲပေါင်းများစွာ တို့ပါဝင်မည် အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၃၁နိုင်ငံမှ စာနယ်ဇင်းသတင်းထောက်ပေါင်း ၃၀ဝ ကျော် တက်ရောက်ရန် စာရင်းပေးသွင်းထားပါသည်။ ထို့အပြင် အဆိုပါဆွေးနွေးပွဲတွင် မြန်မာစာနယ်ဇင်း သတင်းထောက်များအနေဖြင့် အာရှဒေသ၊ ပစိဖိတ်ဒေသနှင့် အမေရိကန်နိုင်ငံတို့မှ ဦးဆောင်နေသော ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံမိတ်ဖွဲ့ခွင့်များရရှိမည့် ထူးခြားကောင်း မွန်သော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။

ညီလာခံအတွက် အစီအစဉ်အချိန်ဇယား အသေးစိတ်ကို ယခုထုတ်ပြန်ချက် နှင့်အတူ ပူးတွဲထည့်သွင်းထားပါသည်။ ဆက်လက်ထုတ်ပြန်မည့် နောက်ဆုံးရအချိန်ဇယားများအတွက် အောက်ပါလင့်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ EWCMedia.org/Yangon2014/Agenda။ မြန်မာဘာသာဖြင့် အစီအစဉ်အချိန်ဇယားကို ညီလာခံပြုလုပ်မည့် ရက်များတွင် စာရင်းသွင်းကောင်တာများတွင် ရနိုင်မည် ဖြစ်ပါသည်။ UMFCCI တွင်ပြုလုပ်မည့် အဓိကဆွေးနွေးမည့် အစီအစဉ်များနှင့် ရွေးချယ်ထားသော မွန်းလွဲပိုင်း အစီအစဉ်အချို့တွင် မြန်မာ နှင့် အင်္ဂလိပ် ဘာသာပြန်စနစ်များပါရှိသွားမည် ဖြစ်ပါသည်။

စာနယ်ဇင်းမီဒီယာများအနေဖြင့် အဆိုပါညီလာခံသို့ တက်ရောက် သတင်းယူရန်အတွက် ကြိုတင် စာရင်းပေးသွင်းရန် မလိုအပ်ပါ။ သို့သော် မီဒီယာဝင်ခွင့်ရယူရန်အတွက် လူကြီးမင်းတို့၏ သက်ဆိုင်ရာ စာနယ်ဇင်းမီဒီယာ တို့မှ သက်သေခံ အထောက်အထား ယူဆောင်လာခဲ့ရန် မေတ္တာရပ်ခံပါသည်။ သတင်းယူရန် တက်ရောက်သော မီဒီယာများအနေဖြင့် အထူးနေ့လည်စာစားပွဲ ၊ညစာစားပွဲဆွေးနွေးပွဲများ နှင့် ညီလာခံ၏ အစီအစဉ်များအားလုံးကို တက်ရောက်နိုင်မည် ဖြစ်သော်လည်း စားသောက်ဖွယ်ရာများ တည်ခင်းဧည့်ခံမည် မဟုတ်ပါ။ အသေးစိတ် အချက်အလက်များကို ပူးတွဲပါဖိုင်တွင် လေ့လာနိုင်ပါသည်။
ညီလာခံနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက EastWestCenter.org/imc2014 သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

ညီလာခံသို့ တက်ရောက် သတင်းယူရန်အတွက် ဆက်သွယ်စုံစမ်း စာရင်းပေးရန်
Primary Media Contacts:
Myanmar: USA:
Hla Myat Mon Derek Ferrar
+95 0 95096881 Myanmar mobile: +95 0 943948058
[email protected] [email protected]
Additional Media Contacts: (TODAY Ogilvy Public Relations, Yangon)
Liz Bentz Adeana Greenlee
+95 0 925161970 +95 0 9420276320
[email protected] [email protected]
Shane Neubronner
+95 0 9421151418
[email protected]

Leave a Reply

Your email address will not be published. Required fields are marked *