အိတ်ဆောင် တိပိဋက ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ဘာသာ၊ သာသနာ ရေးဆိုင်ရာ စာပေတွေကို အလွယ်တကူ ဖတ်ရှုချင်သူတွေအတွက် နည်းပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး နိုင်ငံတော်မှ ချီးမြှင့်တဲ့ အဆင့် မြင့်ဆုံး နည်းပညာတစ်ခုဖြစ်တဲ့ Myanmar ICT Award 2009 (Mobile Applicatoin) ဆုလည်း ရရှိထားပါတယ်။ ၁၉၅၃ခုနှစ် ဆဋ္ဌသင်္ဂါယနာတင် ခေတ်မှ စတင်၍ ယခုခေတ်တိုင်အောင် ပြုစုခဲ့သော တိပိဋကပါဠိမြန်မာ အဘိဓာန်ကျမ်းကြီးများ၊ဦးဟုတ်စိန်နှင့် အခြားပါဠိ-မြန်မာအဘိဓာန်တို့ကို ဆဋ္ဌသင်္ဂါယနာတင်မူ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ(၁၅၉) အုပ် တို့နှင့်တွဲစပ်၍ လွယ်လင့်တကူ စာရှာဖွေကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ၀က်ဘ်ဆိုက်က ဆိုပါတယ်။ Orginal, Limited, Light Version သုံးမျိုးရှိပြီး ဗားရှင်းအဟောင်းကိုလည်း Upgrade ပြုလုပ်နိုင်တယ်။
အိတ်ဆောင် တိပိဋက

28
Jan