ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ PHP Advanced Developer Class (MVC + OJT) အမှတ် (၃)သင်တန်း တစ်ခုကို ဇူလိုင်လ (၂၁) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ယခု PHP သင်တန်းသည် MVC + OJTအတွက် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်သော သင်တန်းဖြစ်သည်။ သင်တန်းကာလမှာ နှစ်လခွဲကြာမြင့်မည်ဖြစ်ပြီး၊ ပထမတစ်လတွင် Code Igniter Framework အားလေ့လာသင်ကြားခြင်းနင့် ကျန်ရှိသောလများတွင် လက်တွေအသုံးပြုခဲ့သော အသုံးပြုမည့် ပရောဂျက်များကို ကိုယ်တိုင် တည်ဆောက်ခွင့် ရရှိမည်ဖြစ်ပါသည်။ ပညာသင်ကြားလေ့လာသူများ၊ programmer များသည် application များ၊ website များကို ကောင်းမွန်စွာ ရေးသားနိင်ရန် အခက်အခဲများ တွေ့ခြင်းအပြင်၊ ပြည့်စုံသောစိတ်ချရသော စနစ်ကျသောစနစ်များကို ခက်ခဲစွာတည်ဆောက်ရပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် များစွာအဆင်မပြေ ဖြစ်ကြသည်ကိုလည်း မြင်တွေ့ရသဖြင့် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
MVCဆိုသည်မှာ Model View Controller ၏အတိုကောက်ဖြစ်ပြီး လတ်တလောတွင် လွန်စွာခေတ်စားနေသော software architecture တစ်ခုဖြစ်ပါသည်။ MVC သည် Data များကိုသိမ်းဆည်းခြင်း၊ Business Logic များကိုဖော်ဆောင်ခြင်းနှင့် Function များကိုကောင်းစွာ ထိန်းကျောင်းနိင်သော ပုံစံဖြစ်ပါသည်။ Developer များအနေဖြင့် ကောင်းမွန်သော application များကိုစနစ်ကျကျ နည်းမှန်လမ်းမှန် မြန်မြန်ဆန်ဆန် ပြုလုပ်နိင်ရန် MVC Frameworkများက များစွာ အထောက်အကူပြုပေးနိင်သည်။ Code Igniterဆိုသည်မှာ PHP Languageပေါ်တွင် အခြေပြုထားသော Web Application Framework တစ်ခုဖြစ်သည်။ မြန်ဆန်ခြင်း၊ ပေါ့ပါးကောင်းမွန်ခြင်း၊ MVC ပေါ်တွင် အခြေခံခြင်းတို့ကြောင့်လည်း ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Frameworkများထဲတွင် ပါဝင်သည်။ Code Igniter၏ Sentence များ၊ function များသည် နားလည်ရလွယ်ကူပြီး library မြောက်များစွာနှင့် ခိုင်မာသောအွန်လိုင်း ကွန်မြူနီတီလည်းရှိပါသည်။
သင်ကြားသူများ အဆင်ပြေလေ့လာသင့်သော framework လည်းဖြစ်ပါသည်။ ပရောဂျက်များ ရေးသာနေစဉ်ကာလအတွင်း ဆရာမှဂိုက်လုပ်ပေးသွားမည် ဖြစ်ပါသည်။ ပရောဂျက်အနည်းဆုံး နှစ်ခုပါဝင်မည်ဖြစ်ပါသည်။ Thesis အတွက် ပရောဂျက်တင်မည့် ကျောင်းသားကျောင်းသူများ၊ လက်ရှိအနေအထားမှ အထက်သို့တတ်ရန် ခက်ခဲနေသော PHP Developer များ၊ နိင်ငံခြားတွင် အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ၊ လုပ်ငန်းအတွေ့အကြုံ လိုအပ်နေသူများ၊ အားနည်းနေသူများ၊ ရာထူး/လစာတိုးရန်လိုလားသော developer များ၊ PHP Developer သင်တန်းဆင်းပြီးသူများ မဖြစ်မနေ တက်ရောက်သင့်ပါသည်။ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် Version Control စနစ်များအသုံးပြုခြင်း၊ Database Server/Web Server များကိုချိတ်ဆက်ခြင်း၊ team memberများနှင့် လက်တွဲ လုပ်ကိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိင်ပါသည်။ သင်တန်းပြီးပါက အလုပ်အကိုင်အတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ပါသည်။
သင်ကြားမှုတွင်ပါဝင်မည့် အကြောင်းအရာများမှာ
Working with Version Control System (Git)
Working with MySQL Database Server Environment
Working with Model-View-Controller (MVC Pattern)
Working with Libraries
Working with Forms
Working with Helpers (Libraries)
Validation and Error Handling
Arrays, Functions, Session
Security
Pagination and Routing
Working with Loaders and Configurations
Ecommerce Project
Working with team environment တို့ဖြစ်သည်။
သင်တန်းကာလကို ဇူလိုင်လ ၂၁ ရက် မှ စက်တင်ဘာလ ၃၀ ရက်အထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းအချိန်မှာ ညနေ ၅:၀၀ မှ ၈:၀၀ နာရီထိ (တနင်္လာ၊ အင်္ဂါ) တို့တွင်ဖြစ်သည်။ သင်တန်းကြေးကို ၂၀၀,၀၀၀ (နှစ်သိန်းကျပ်) ပေးသွင်းရမည်ဖြစ်ပြီး MCPA Member ဖြစ်ပါက ၅၀ ရာခိုင်နှုန်းခံစားခွင့် ရနိုင်မည်ဖြစ်သည်။ သင်တန်းသားဦးရေ ၁၅ ဦး ကန့်သတ်ထားသောကြောင့် သင်တန်းတက်ရောက် လိုသူများအနေဖြင့် ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည် ၄ နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့လာရောက် လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။