ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပညာသင်ကြားလေ့လာသူများ၊ programmer များသည် application များ၊ website များကိုကောင်းမွန်စွာရေးသားနိင်ရန် အခက်အခဲများတွေ့ခြင်းအပြင်၊ ပြည့်စုံသောစိတ်ချရသော စနစ်ကျသောစနစ်များကို ခက်ခဲစွာတည်ဆောက်ရသည်ကို တွေ့ မြင်ရပါသည်။ လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် များစွာအဆင်မပြေ ဖြစ်ကြသည်ကိုလည်း မြင်တွေ့ရသဖြင့် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ MVC ဆိုသည်မှာ Model–View–Controller ၏အတိုကောက်ဖြစ်ပြီး လတ်တလောတွင် လွန်စွာခေတ်စားနေသော software architecture တစ်ခုဖြစ်ပါသည်။ MVC သည် Data များကိုသိမ်းဆည်းခြင်း၊ Business Logic များကိုဖော်ဆောင်ခြင်းနှင့် Function များကိုကောင်းစွာ ထိန်းကျောင်းနိင်သော ပုံစံဖြစ်ပါသည်။ Developer များအနေဖြင့် ကောင်းမွန်သော application များကို စနစ်ကျကျ နည်းမှန်လမ်းမှန် မြန်မြန် ဆန်ဆန်ပြုလုပ်နိင်ရန် MVC Framework များက များစွာအထောက်အကူ ပြုပေးနိင်ပါသည်။ Code Igniter ဆိ်ုသည်မှာ PHP Language ပေါ်တွင်အခြေပြုထားသော Web Application Framework တစ်ခုဖြစ်ပါသည်။ မြန်ဆန်ခြင်း၊ ပေါ့ပါးကောင်းမွန်ခြင်း၊ MVC ပေါ်တွင် အခြေခံခြင်းတို့ကြောင့်လည်း ကမ္ဘာပေါ်တွင်လူသုံးအများဆုံး Framework များထဲတွင် ပါဝင်ပါသည်။ Code Igniter ၏ Sentence များ၊ function များသည် နားလည်ရလွယ်ကူပြီး library မြောက်များစွာနှင့် ခိုင်မာသောအွန်လိ်ုင်း ကွန်မြူနီတီလည်းရှိပါသည်။ သင်ကြားသူများ အဆင်ပြေလေ့လာသင့်သော framework လည်းဖြစ်ပါသည်။ ယခုသင်တန်းသည် Industry အတွက် အဆင်သင့်ဖြစ်စေရန်ရည်ရွယ်သော သင်တန်းလည်းဖြစ်ပါသည်။
သင်တန်းကာလမှာ နှစ်လခွဲကြာမြင့်မည်ဖြစ်ပြီး၊ ပထမတစ်လတွင် Code Igniter Framework အား လေ့လာသင်ကြားခြင်းနင့် ကျန်ရှိသောလများတွင် လက်တွေအသုံးပြုခဲ့သော/အသုံးပြုမည့် ပရောဂျက်များကိုကိုယ်တိုင် တည်ဆောက် ခွင့်ရရှိမည်ဖြစ်ပါသည်။ ပရောဂျက်များ ရေးသာနေစဉ်ကာလအတွင်း ဆရာမှဂိုက်လုပ်ပေးသွားမည်ဖြစ်ပါသည်။ ပရောဂျက်အနည်းဆုံးနစ်ခု ပါဝင်မည်ဖြစ်ပါသည်။ Thesis အတွက် ပရောဂျက်တင်မည့် ကျောင်းသားကျောင်းသူများ၊ လက်ရှိအနေအထားမှ အထက်သို့တတ်ရန် ခက်ခဲနေသော PHP Developer များ၊ နိင်ငံခြားတွင် အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ၊ လုပ်ငန်းအတွေ့အကြုံ လိုအပ်နေသူများ၊ အားနည်းနေသူများ၊ ရာထူး/လစာတိုးရန်လိုလားသော developer များ၊ PHP Developer သင်တန်းဆင်းပြီးသူများ မဖြစ်မနေ တတ်ရောက်သင့်ပါသည်။ ယခုသင်တန်းကိုတတ်ရောက်ခြင်းဖြင့် Version Control စနစ်များအသုံးပြုခြင်း၊ Database Server/Web Server များကိုချိတ်ဆက်ခြင်း၊ team member များနှင့်လက်တွဲလုပ်ကိုင်ခြင်း အစရှိသည့်အကျိူးကျေးဇူးများကိုလည်း ရရှိနိင်ပါသည်။ သင်တန်းပြီးပါက အလုပ်အကိုင်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ ပါဝင်မည့် အကြောင်းအရာများ…..
v Working with Version Control System (Git)
v Working with MySQL Database Server Environment
v Working with Model-View-Controller (MVC Pattern)
v Working with Libraries
v Working with Forms
v Working with Helpers (Libraries)
v Validation and Error Handling
v Arrays, Functions, Session
v Security
v Pagination and Routing
v Working with Loaders and Configurations
v Ecommerce Project
v Working with team environment
သင်တန်းကာလ – ဇူလိုင်လ (၂၁) ရက် မှ စက်တင်ဘာလ (၃၀) ရက်အထိ
သင်တန်းအချိန် – ညနေ ၅းဝ၀ မှ ၈းဝ၀ နာရီ (တနင်္လာ၊ အင်္ဂါ)
သင်တန်းကြေး – ၂၀ဝ,ဝ၀ဝ (နှစ်သိန်းကျပ်)၊
MCPA Member(၅၀%) – ၁၀ဝ,ဝ၀ဝ (တစ်သိန်းကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း(၄)၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဇူလိုင်လ (၂၁) ရက်နေ့ နေ့လည် (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ဝ၁-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
မှတ်ချက်၊ အတန်းတက်ချိန် ၇၅% မပြည့်မှီပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ…