OESC Training Center မှ MBA Foundation Course စီမံခန့်ခွဲမှုသင်တန်းများကို ဆက်တိုက်ဖွင့်လှစ်လျက်ရှိရာ ရုံးဝန်ထမ်းများအတွက် ရုံးချိန်လွတ် ညနေပိုင်းသင်တန်းများကို ယခုလာမည့်မတ်လ(၁၃)ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင်ကြားပို့ချပေးသွားမည့်ဘာသာရပ်မှာ Sales and Marketing Management ဘာသာရပ်ဖြစ်သည်။ ယင်းသင်တန်းကို MBA ဘွဲ့တက်ရောက်ရန် ပြင်ဆင်နေသူများ၊ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်များဖြင့် ထိတွေ့လိုသူများ၊ လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ Supervisor များအနေဖြင့် တက်ရောက်သင့်ကြောင်း သိရှိရပါသည်။
Sales and Marketing Management ဘာသာရပ်တွင် ဈေးကွက် ဖေါ်ဆောင်ခြင်းဆိုတာဘာလဲ၊ ဈေးကွက်ဆိုတာဘာလဲ၊ ဈေးကွက်ဖေါ်ဆောင်ရာတွင် လိုအပ်သော ဆက်ဆံရေးနည်းလမ်းများ၊ အောင်မြင်သော ဈေးကွက်ဖေါ်ဆောင်ရေးအတွက် သော့ချက်များ၊ဈေးကွက်ဖေါ်ဆောင်ရေးဆိုင်ရာ ဆက်သွယ်ရေးအကြောင်းနှင့် နိုင်ငံတကာ ဈေးကွက်ဖေါ်ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများ စသည့်သင်ခန်းစာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသင်တန်းများကို ပြည်တွင်း၊ ပြည်ပ MBA ဘွဲ့ရ ကိုယ်ပိုင်လုပ်ငန်းရှင် ဝါရင့် ဆရာတစ်ဦးမှ ပိုချမည်ဖြစ်သောကြောင့် သီအိုရီပိုင်းသာမက၊ လက်တွေ့ပိုင်းပိုချမှုများပါ ပါဝင်မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် OESC Training Center အခန်း (၃၀၄)၊ တ-ထပ် ဓနလှိုင်တာဝါ၊ မြေနီကုန်း၊ ပြည်လမ်း။ ဖုန်းနံပါတ် – ဝ၉-၇၃၀၉၄၀၆၀၊ ဝ၁-၅၁၉၀၉၂ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။