Nokia က Windows Phone 8.1 OS မောင်းနှင်လည်ပတ်တဲ့ Lumia 630 နဲ့ Lumia 635 စမတ်ဖုန်းများ ကို ကြေညာလိုက်ပါတယ်။
Lumia 635 မှာ အလွန်လျှင်မြန်တဲ့ 4G LTE ကို အသုံးပြုနိုင်ပါတယ်။ Lumia 630 ကို 3G Version နှစ်မျိုးထုတ်လုပ်ပေးထားပြီး တစ်မျိုးမှာ Dual-SIM အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်း နှစ်မျိုးစလုံးမှာ ၄.၅ လက်မ ClearBlack Screen , 1.2GHz Snapdragon 400 Processor, 1830mAh Battery , Autofocus ပါတဲ့ 5 Megapixel Rear-Facing Camera , Gorilla Glass 3 Display Protection ပါရှိပါတယ်။
အနောက်ဘက် အခွံ ကို အဝါ၊အစိမ်း၊လိမ်မော် ၊ အဖြူ နဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ SensorCore လို့ ခေါ်တဲ့ Chip ပါရှိပြီး ကိုယ်လက်လှုပ်ရှားမှုများ ကို တိုင်းတာပေးနိုင်ပါတယ်။ Live Tiles တွေကို အဆင့်မြှင့်ပေးထားပါတယ်။ Action Center အသစ်ပါရှိလာပါတယ်။ WhatsApp, WeChat, Nokia Camera, Nokia HERE, Nokia MixRadio တို့ ပါရှိပါတယ်။ နောက်ဆုံထုတ် Xbox Game တွေကို ကြည့်နိုင်ပြီး Microsoft Office , OneDrive တို့ပါရှိတဲ့အတွက် အလုပ်ကိစ္စများအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။
Nokia Lumia 630 (Single SIM ) ကို မေလမှာ ယူရို ၁၁၉ (ဒေါ်လာ ၁၅၉) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Dual-SIM Version ကို ယူရို ၁၂၉ (ဒေါ်လာ ၁၆၉) နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ အာရှ နဲ့ ဥရောပ မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Nokia Lumia 635 ကို ဇူလိုင်လ မှာ တစ်ကမ္ဘာလုံးမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အမေရိကန် မှာ ယူရို ၁၄၉ (ဒေါ်လာ ၁၈၉) နဲ့ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။