Japan Brand ဖြစ်တဲ့ NEC Multimedia Projector NP_VE281G ဟာ ဈေးနှုန်း သက်သက်သာသာနဲ့ Projector အသုံးပြုမှု အခြေခံလိုအပ်ချက်တွေအားလုံးကို အဆင်ပြေချောမွေ့စွာဖြင့် အသုံးပြုနိုင်မယ့် DLP Projector အမျိုးအစား ဖြစ်ပါတယ် ။ On Screen Specification အနေနဲ့ Ratio 4:3 နှင့် Resolution 800 x 600 ရှိပါတယ် ။ Projector အလင်းပိုင်းနှင့် ပတ်သက်ပြီး Contrast Ratio 3000 : 1 နှင့် အလင်းတောက်ပမှု 2800 Lumens ရှိတာကြောင့် နေ့ခင်းချိန် ဧည့်ခန်း အလင်းရောင်ပြန်ချိန်တွေမှာပင် အသုံးပြုနိုင်ပါတယ် ။ Projector ကို Screen မှ အနည်းဆုံး ၃.၅ ပေ အကွာအဝေး မှ အများဆုံး ၄၃ ပေ အကွာအဝေးအထိ ထားရှိကာ အသုံးပြုနိုင်ပြီး ပုံရိပ် အရွယ်အစား ၂ ပေ ခွဲ မှ ၂၄ ပေ အရွယ်အစား အထိ အကြီးချဲ့ကာ အသုံးပြုနိုင်ပါတယ် ။
Computer သို့မဟုတ် အခြား အသုံးပြုပစ္စည်းများနှင့် ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက် VGA Connector Port နှင့်အတူ HDMI Connector Port ပါ ပါဝင်ပါတယ် ။ တပ်ဆင်အသုံးပြုရ အလွန်လွယ်ကူပြီး အလေးချိန် ၂.၃ ကီလို ဂရမ် နှင့် နေရာ စားသက်သာတဲ့ အရွယ်အစား ၊ ဒီဇိုင်းကြောင့် ဘယ်လိုနေရာမျိုးမှာမဆို သယ်ယူ တပ်ဆင်အသုံးပြုရန် အဆင်ပြေတဲ့ Projector ပါ ။ Lamp hours နာရီ ၁၀ဝ၀ နှင့် Warranty ၁ နှစ် ပါဝင်တဲ့ NEC Multimedia Projector NP_VE281G ကို ဈေးနှုန်း ၃၆၀,ဝ၀ဝ ကျပ်ဖြင့် အမြို့မြို့ အနယ်နယ်ရှိ KMD Sales Centre ကြီးများ နှင့် KMD အရောင်း ကိုယ်စားလှယ် ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ် ။ ဖုန်း KMD 01-381-129, 01-381-035, 01-385-077 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။