သဘာ၀နဲ့ သက်ရှိ ဖြစ်စဉ်၊ ဂြိုဟ်တွေနဲ့ ပတ်သက်တဲ့ ပထ၀ီဆိုင်ရာ သဘောတရားတွေကို ရှာဖွေ လေ့လာ တင်ပြပေးနေတဲ့ နာမည်ကျော် National Geographicရဲ့ ၀က်ဘ်ဆိုက်ပါ။ (Website Traffic ဖြစ်နေလို့ ယင်း၀က်ဘ်ဆိုက်ရဲ့ www.facebook.com/natgeo စာမျက်နှာကိုသာ ဖော်ပြထားခြင်း ဖြစ်ပါတယ်) ယင်းအဖွဲ့အစည်းကို ၁၈၈၈ခုနှစ် ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သက်ရှိနဲ့ ရှေးဟောင်းမြို့တော်၊ သဘာ၀နဲ့ စွမ်းအင်၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ရေ၊ ဓာတ်ပုံ ဗီဒီယို သတင်းတွေကို နေ့စဉ် ရေးသား တင်ဆက် ပေးထားပါတယ်။ ဒါတင်မက ပညာရေး၊ မိုဘိုင်းဖုန်း၊ ဂိမ်းနဲ့ သီချင်းကဏ္႑တွေ ထည့်သွင်း ပေးထားတဲ့အပြင် ခရီးသွား ဓာတ်ပုံပြိုင်ပွဲတွေ ပါ၀င်တဲ့ ဓာတ်ပုံကဏ္႑၊ တီဗီအစီအစဉ်၊ အကောင်ပလောင်မျိုးစုံရဲ့ အချက်အလက်တွေ၊ Panoramas ဓာတ်ပုံတွေ ပါ၀င်တဲ့ တိရစ္ဆာန်ကဏ္႑၊ ကမ္ဘာကြီးပူနွေးမှု၊ သဘာ၀ ဘေးအန္တရာယ်တွေ ပါ၀င်တဲ့ ၀န်းကျင်ကဏ္႑၊ စွန့်စားမှု ကဏ္႑ တွေလည်း ထည့်သွင်း တင်ပြထားပါတယ်။
www.nationalgeographic.com
သဘာ၀နဲ့ သက်ရှိဖြစ်စဉ်

25
Mar