တောင်ကိုရီးယားအခြေစိုက် ရေသန့်စက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Myanmar Chungho သည် ရန်ကုန်မြို့တော်ခန်းမသို့ အဆင့်မြင့်ရေသန့်စင် စက်ကြီးတစ်လုံးကို မေလ၊ ၂၀ ရက်နေ့ (အင်္ဂါနေ့) က လှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်ခန်းမ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှူး ဦးချိုထွန်းအောင်နှင့် Myanmar Chungho ၏ Managing Director Mr.Kyung Seok Lee တို့ တက်ရောက်ကြကာ အဆင့်မြင့် ရေသန့်စင်စက်အား လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ရေသန့်စက်ကြီးသည် ငွေကျပ် ၁၅ သိန်းခန့် တန်ကြေးရှိပြီး ရေပူ၊ ရေအေး အပြင် ရေသန့်ရေခဲတုံးများပါ ရရှိနိုင်မည်ဖြစ်ကာ 360mm× 442mm× 1320mm အတိုင်းအတာ ရှိပါသည်။ တစ်ရက်လျှင် အများဆုံး ရေဂါလန် ၃၆၀ လီတာအထိ ရေသန့်စင်ပေးနိုင်ပါသည်။
နောင်တွင် Myanmar Chungho သည် မြို့တော်ခန်းမတွင်သာမက ရွှေတိဂုံဘုရား၊ ပြည်သူ့ရင်ပြင်နှင့် အခြားသော ပန်းခြံနေရာများ၊ အများပြည်သူရှိသော နေရာများတွင်လည်း လှူဒါန်းသွားမည် ဖြစ်ပါသည်။ “ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့မှာ YCDC ရုံး (မြို့တော်ခန်းမ) သာမက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာလည်း ဆက်လက်လှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ် မြို့တော်ခန်းမပြီးတော့ ရွှေတိဂုံဘုရားပေါ့နော်။ အများပြည်သူတွေ ရောက်ရာအရပ်မှာ Myanmar Chunghoရဲ့ အဆင့်မြင့်နည်းပညာနဲ့ သန့်စင်ထားတဲ့ ရေသန့်တွေကို သောက်သုံးနိုင်အောင်ပါ” ဟု Myanmar Chungho ၏ မန်နေဂျင်းဒါရိုက်တာ Mr.Kyung Seok Lee မှ ပြောကြားခဲ့ပါသည်။
Myanmar Chungho သည် အမှတ် ၂၃၂၊ အခန်းနံပါတ် B & C, ၉ လွှာ၊ ဗိုလ်အောင်ကျော်လမ်း၊ Seagreen Tower, ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့ တွင် တည်ရှိပြီး ရေသန့်စက်၊ လေသန့်စက်နှင့် ရေခဲစက်များကိုပါ ကိုရီးယားနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ဖြူး ရောင်းချနေသည့်
ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။