Mobile, Review

Mozillaက ဈေးသက်သာတဲ့ Firefox စမတ်ဖုန်းများကို အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ ရောင်းမည်

Mozillaက ဈေးသက်သာတဲ့ Mozillaစမတ်ဖုန်းများကို အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ ရောင်းမည်

Mozillaက ၂၅ ဒေါ်လာတန် စမတ်ဖုန်းများကို ဆင်းရဲတဲ့နိုင်ငံများမှာ ရောင်းချပေးမယ်လို့ ဒီနှစ်အစောပိုင်းမှာ ပြုလုပ်တဲ့ Mobile World Congressမှာ ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့အနေနဲ့ လာမယ့်လအနည်းငယ်အတွင်းမှာ ဈေးသက်သာတဲ့ စမတ်ဖုန်းများကို အိန္ဒိယမှာ ရောင်းချပေးတော့မှာဖြစ်ပါတယ်။

“ဒီစီမံကိန်းဟာ ခလုတ်ဖုန်းများကနေ စမတ်ဖုန်းများကို ပြောင်းလဲအသုံးပြုအောင် စားသုံးသူများကို စည်းရုံးနိုင်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဈေးနှုန်းသက်သက်သာသာနဲ့ အများသုံးနိုင်စေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဖုန်းများဟာ ၀က်ဆိုက်တွေကြည့်တာထက်ပိုပြီး အသုံး၀င်မှာဖြစ်ပါတယ်။”လို့ Mozillaရဲ့ ကြေညာချက်နဲ့အတူ India Mobile အဖွဲ့အစည်း Intex Technologyမှ Sanjay Kumarက ပြောပါတယ်။

အဆိုပါသတင်းဟာ ရှန်ဟိုင်းမှာ ပြုလုပ်တဲ့ Mobile Asia Expo ပြပွဲမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှ လူထုကြီးကို Firefox OS Smartphoneများနဲ့ မိတ်ဆက်ပေးရမှာ အလွန်ကျေနပ်မိပါတယ်လို့ အိန္ဒိယရဲ့ ထိပ်တန်း Mobile Service Providerတစ်ခုဖြစ်တဲ့ Spice Telecomရဲ့ CEO ဖြစ်သူ Dilip Modiက ပြောပါတယ်။

သုတေသနအဖွဲ့ Mediacellsရဲ့ သတင်းအရ အိန္ဒိယဟာ ၂၀၁၄ ခုနှစ်မှာ ပထမဆုံး စမတ်ဖုန်းအသုံးပြုသူ အများဆုံးဖြစ်လာမယ့် ဈေးကွက်ဖြစ်လာဖို့ တာစူနေပါတယ်လို့ ရေးသားထားပါတယ်။ Firefox OS Smartphoneများ၀င်ရောက်လာတဲ့အတွက် အဲဒီဖြစ်စဉ်ဟာ ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။

Mozillaဟာ အာရှမှာ Android နဲ့ ယှဉ်ပြိုင်ဖို့အတွက် ထိုင်၀မ်ရှိ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ Chunghwa Telecomနဲ့ ပူးပေါင်းမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

The Wall Street Journalရဲ့ ဖော်ပြချက်အရ Mozillaဟာ တန်ဖိုးနည်းစမတ်ဖုန်းများကို ဒီနှစ်နှောင်းပိုင်းမှာ အင်ဒိုနီးရှားမှာ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *