မြန်မာနိုင်ငံ၏ နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ် ဈေးကွက်တစ်ခုဖြစ်သည့် Motors.com.mm ကနေ Main Sponsor အဖြစ် ပံ့ပိုးကူညီပေးထားသည့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း(MAMDA- Myanmar Automobile Manufacturers and Distributors Association) ၏ ပထမအကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးနှင့် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ (၁၆)ရက် စနေနေ့နံနက်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားတွင် ဌာနဆိုင်ရာဝန်ကြီးများ၊ ညွန်ကြားရေးမှူးများ၊ သက်ဆိုင်ရာလူကြီးမင်းများအပြင် ကားအရောင်းပြခန်းများမှ တာဝန်ရှိသူများနှင့် ကားအရောင်းအဝယ်ပြုလုပ်သူများပါ တက်ရောက်အားပေး ခဲ့ပါတယ်။ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစဉ်များအား အထူးပြုဆွေးနွေးသွားခဲ့ပြီး မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့မှ တက်ရောက်လာသည့် အသင်းသားများအား အသင်း၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘောတူညီမှုများကို မေးမြန်းဆွေးနွေးသွားခဲ့ပါတယ်။ အသင်း၏ ဥက္ကဌ ဦးစိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားသွားခဲ့ပြီး ဆက်လက်၍ အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးဇင်ဝင်းတို့မှ အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်များနှင့် အသင်းဝင်များနှင့်အတူ ပူးပေါင်းပြီး မော်တော် ယာဉ်ဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာများအား ရှေ့ဆက်၍ ပိုမိုဆောင်ရွက်သွားမည့် အစီအစဉ်များအား ပြောကြားသွားခဲ့ပါတယ်။ အမေးအဖြေ ကဏ္ဍများတွင်လည်း ကားအရောင်းပြခန်းများမှ တာဝန်ရှိသူများနှင့် ကားအရောင်းအဝယ် ပြုလုပ်သူများကပါ အပြန်အလှန် ဆွေးနွေးသွားခဲ့ပါတယ်။
ဆက်လက်ပြီး အခမ်းအနားတွင် Motors.com.mm ၏ Country Manager, Mr. Sascha Woelk မှ မြန်မာ့အွန်လိုင်း မော်တော်ယာဉ်ဈေးကွက် တိုးတက်လာမှုများ၊ ပြည်ပနိုင်ငံများတွင်လည်း ကားရှာဖွေသူ အများစုမှာ အွန်လိုင်းကားဈေးကွက်အား အသုံးပြုနေကြသည်ကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။ ဒါ့အပြင် Mr. Sascha ကပြောကြားရာမှာတော့ ကျွန်တော်တို့ Motors.com.mm အနေဖြစ် အသုံးပြုသူများအား ပိုမိုလွယ်ကူ ချောမွတ်စေရန် အတွက် ကောင်းမွန်သော ဝန်ဆောင်မှုများနှင့်အတူ Motors.com.mm အား ကွန်ပျူတာ၊ မိုဘိုင်း ဖုန်းများမှတစ်ဆင့် မော်တော်ယာဉ်များအား ရှာဖွေခြင်းဖြစ် အချိန်ကုန်သက်သာစေ၍ သင့်စိတ်ကြိုက်ကားအား ရွေးချယ်မှုစုံလင်စွာဖြစ် ဝယ်ယူရရှိနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အခမ်းအနားအား အဓိကစပွန်စာအဖြစ် ပံ့ပိုးကူညီပေးခဲ့သည့် Motors.com.mm ၏ Country Manager, Mr. Sascha Woelk မှ ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူခဲ့ပြီး အခြားသော စပွန်စာများအဖြစ် ကူညီပေးကြသည့် ကုမ္ပဏီအသီးသီးအား ဂုဏ်ပြု လွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Motors.com.mm ၏ သတ်မှတ်ထားသော booth နေရာတွင်လည်း တက်ရောက်လာသူများအား ဝက်ဘ်ဆိုဒ်၏ အသုံးပြုပုံများကိုပါ ရှင်းပြသွားခဲ့ပါတယ်။
အကယ်၍သင့်အနေနှင့် ပြီးပြည်စုံတဲ့ ကားတစ်စီးအား ရှာဖွေနေတယ်ဆိုရင်တော့ motors.com.mm သို့ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။