Motorola က Moto 360 စမတ်နာရီ ကို ပြသလိုက်ပါတယ်။ Wearable Device တွေမှာ အဆင်ပြေစွာ မောင်းနှင်လည်ပတ်နိုင်အောင် ပြုလုပ်ထားတဲ့ Google ရဲ့ Android Wear OS ကို အသုံးပြုမောင်းနှင်မှာ ဖြစ်ပါတယ်။ Motorola က စမတ်နာရီ ကို တီထွင်နေတယ်ဆိုတာ ကို Mobile World Congress မှာ ထုတ်ဖော်ကြေညာခဲ့ဖူးပြီး အခုတော့ နမူနာပုံစံ ကို ထုတ်ဖော်ပြသနိုင်ပြီဖြစ်ပါတယ်။
Moto 360 ကို နွေရာသီမှာ ရောင်းချမယ်လို့ Motorola က ပြောပါတယ်။ အမေရိကန် မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ Motorola က စမတ်နာရီ ရဲ့ သတင်းအချက်အလက်အသေးစိတ် ကို ပြောဆိုခြင်းမရှိသေးပေမယ့် သူ့ရဲ့ စမတ်နာရီ ဟာ အခြား စမတ်နာရီ တွေနဲ့ ဒီဇိုင်းကွဲပြားပါတယ်။ အခြား စမတ်နာရီ တွေရဲ့ ဒီဇိုင်း က သာမာန်နာရီတွေနဲ့ မတူညီဘဲ Moto 360 က သာမာန်နာရီတွေနဲ့ ဆင်တူပါတယ်။ နာရီမှာ အရည်အသွေးမြင့် အစိတ်အပိုင်းတွေကို တပ်ဆင်ထားတယ်လို့ ပြောပါတယ်။
“ လက်ကောက်၀တ်မှာ ၀တ်ဆင်ရတဲ့ နာရီတွေ ဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ကတည်းက ရေပန်းစား အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။ Moto 360 ဟာ အနာဂတ်ရဲ့ လက်ပတ်နာရီ ဖြစ်လာမှာပါ။ “ လို့ Motorola က ပြောပါတယ်။
စမတ်ဖုန်း က အီးမေး၀င်ရောက်လာမှု ၊ Missed Calls ၊ Calendar မှာ ချိန်းဆိုထားမှု စတာတွေကို စမတ်နာရီ ကနေ သိနိုင်မှာဖြစ်ပါတယ်။ Android Wear မောင်းနှင်တဲ့ အခြား Device များလိုပဲ “Ok Google” Command ကို နာခံနိုင်ပါတယ်။
Google က Android Wear ကို အင်္ဂါနေ့က ကြေညာခဲ့ပြီး Hardware နဲ့ Chip ထုတ်လုပ်သူတွေက အသုံးပြုဖို့ စောင့်ဆိုင်းနေကြပြီဖြစ်ပါတယ်။ Android Wear ဟာ စမတ်နာရီလို ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေအတွက် အထူးပြုလုပ်ထားတဲ့ OS တစ်ခုဖြစ်ပါတယ်။