Motorola က Moto G Forte ကို မက္ကဆီကို မှာ တရား၀င် ရောင်းချပေးလိုက်ပါတယ်။ မက္ကဆီကို ရဲ့ Carrier တစ်ခုဖြစ်တဲ့ Nextel ကနေသာ ၀ယ်ယူနိုင်သေးပြီး Google Drive Storage မှာ 50 GB အခမဲ့ ရရှိမှာဖြစ်ပါတယ်။
Moto G Forte ဟာ Moto G နဲ့ Specification အပိုင်းမှာ အားလုံးတူညီပါတယ်။ ဒါပေမယ့် အနောက်ဘက် ကာဗာ က တော့ ကွဲပြားပါတယ်။ Moto G Forte မှာ ၄.၅ လက်မအရွယ် 720×1280 Pixels Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ (၃၂၆) ပါရှိပါတယ်။ Qualcomm Quad-Core 1.2GHz Processor ကို အသုံးပြုထားပါတယ်။ 1GB RAM ပါရှိပြီး 8/16GB Internal Storage ရွေးချယ်နိုင်ပါတယ်။ MicroSD Card အသုံးပြုနိုင်ခြင်း မရှိပါဘူး။ အနောက်ဘက်မှာ 5MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.3MP Camera တပ်ဆင်ထားပါတယ်။ Android 4.3 Jelly Bean ကို အသုံးပြုထားပါတယ်။ ဖြုတ်တပ်လို့ မရတဲ့ 2070mAh Battery ကို တပ်ဆင်ထားပါတယ်။
Moto G Forte ကို အခြားနိုင်ငံများမှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။